ခမ်းသားငေါဝ်း
မတ် ၂၃၊ ၂၀၂၄

ဟိုပုံးမြို့နယ် ၊နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များစားဝတ်နေရေး အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် ဆန်၊ဆီ၊ဆား များအဓိကလိုအပ်နေပြီး အဝတ်အထည် ၊ အခင်းနှင့်စောင်များလည်း လိုအပ်သည်။

” အမျိုးတွေ၊ အသိမိတ်တွေဆီမှာ ကိုယ်စီ စစ်ဘေးရှောင်နေကြရတော့ အလှူရှင်တွေက လက်လှမ်းမီဖို့ခက်တဲ့အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်နေတယ်” ဟုစစ်ဘေးရှောင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နမ့်ဟူးကျေးရွာမှ ရွားသားမျာသည် ဟိုပုံးမွေတော်ဘုရားတွင် အများဆုံးစစ်ဘေးရှောင်နေကြပြီး တစ်ချို့က နီးစပ်ရာဆွေမျိုးများထံ စစ်ဘေးရှောင်နေကြောင်းသိရသည်၊၊

“နေအိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်တယ်။ ဖြစ်ပြီးသွားပြီဆိုတော့လည်း မတတ်နိုင်တော့ဘူးလေ၊ ကိုယ့်ကိုပဲ နှစ်သိပ်ပြီး နေရတာပေါ့”လို့ ၎င်းကဆက်ပြောသည်။

နမ်းဟူကျေးရွာတွင် ယခင်က အိမ်ခြေ ၇၀ ကျော်ရှိရာ ၆၄ လုံး မီးလောင်ပျက်စီးသွားကြောင်းသိရသည်။

#PPV003