ခမ်းသားငေါဝ်း
မတ် ၂၁၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း တောင်ကြီးလမ်း GBS ကုမ္ပဏီရှေ့အနီးတွင် ကားမတော်တဆဖြစ်ပွားပြီး ယာဥ်မောင်းလာသူမှာ ထိခိိုက်ဒဏ်ရာရခဲ့ကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် ကိုအောင်အမည်ရှိသည့်သူသည် အောင်ပန်း တောင်ကြီးလမ်း Good Brothers” ကုမ္ပဏီလီမီတက်အရှေ့အနီး ကားဘရိတ်ပေါက်ပြီး လမ်းဘေးမြောင်းထဲသို့ တိမ်းမှောက်ပြီး ယာဥ်မောင်းမှာ ကားနှင့်ညှပ်မိ၍ ဒဏ်ရာရခဲ့သည်၊၊

“ရောက်တော့ ကားကလမ်းဘေးမှာမှောက်နေပြီ မောင်းတဲ့သူက ညှပ်မိတယ် ဒဏ်ရာရတာက ကိုယ်လုံးတွေပေါ့ ဦးခေါင်းတော့မထိဘူး စကားမပြောနိုင်တော့ ဝိုင်းဝန်းပြီး အောင်ပန်းဆေးရုံကိုပို့ပေးလိုက်ပါတယ်”ဟု အောင်ပန်းနာရေးကူညီအသင်းမှ တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယာဥ်မောင်းလာသည့်သူမှာ သထုံမြို့ဇာတိက ကိုအောင်အမည်ရှိသူဖြစ်ပြီး လက်ရှိ၌ အောင်ပန်းဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

၎င်းအခင်းဖြစ်ပွားသည့်နေရာသည် လမ်းအဖြောင့်ဖြစ်သော်လည်း ကားမတော်တဆဖြစ်မှုမှာ ယခင်နှစ်တွေတုန်းကလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
#PPV004

Leave a Reply

Your email address will not be published. Required fields are marked *