ခမ်းသားငေါဝ်း
မတ် ၂၁၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေးအကောင်ထည်ဖော်လိုက်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တပ်လှန့်နှိုးဆော်လိုက်​ခြင်းဖြစ်သည် ဟု PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် ကပြောလိုက်သည်။

ရှမ်းမြောက်ပိုင်း ၂၀၂၃ခုနှစ် အောက်တိုဘာ(၂၇) ရက်နေ့တွင် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့်ရက္ခိုင်တပ်တော်( AA) တို့မှစတင်လိုက်သည့် “၁၀၂၇စစ်ဆင်ရေး”သည် နွေဦးတော်လှန်ရေးတွင်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဝိုင်းလုပ်ရင်ဖြစ်သည့်အကြောင်း တပ်လှန့်နှိုးဆော်လိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်တားဘုန်းကျော်က Shwe Phee Myay News Agencyတွင် ပြောကြားထားသည်။

“MNDAA, AA, PSLF/TNLAနဲ့ ဒီ “1027 Operation”ကို အကောင်အထည်ဖော်လိုက်တာက နွေဦးတော်လှန်ရေးရော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေကို ကျွန်တော်တို့ကတပ်လှန့်နှိုးဆော် လိုက်တာ၊ စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေးကို လက်တွေ့ကျကျဆောင်ရွက်လို့ရတယ်၊ မြို့တွေကိုဒီလို သိမ်းလို့ရတယ်၊ တပ်စခန်းတွေကိုဒီလိုသိမ်းလို့ရတယ်၊ ဝိုင်းလုပ်ရင်ဖြစ်တယ်ဆိုတာ တပ်လှန့်နှိုးဆော်လိုက်တာ” ဟုသူကပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးခဲ့ကြပြီဖြစ်သော်လည်း စစ်ကော်စီတပ်ဘက်မှ နောင်ချို၊ ကျောက်မဲ၊ မူဆယ်စသည့်နေရာများတွင် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခနပစ်ခတ်ခြင်းရှိနေသည်ဟု ၎င်းကဆိုထားသည်။

“ကျွန်တော်တို့နေတဲ့နေရာ အချို့မှာလည်း ကျွန်တော်တို့ညီနောင် မဟာမိတ်(၃)ဖွဲ့တင်မကဘူး၊ KIAတို့ ဒေသခံ PDF တွေရှိနေတော့ ကျွန်တော်တို့ကပြောတယ်ဆိုရင် သူတို့က ကျွန်တော်တို့ကိုပစ်နေတာမဟုတ်ဘူး သူတို့တွေကိုပစ်နေတာပါဆိုတဲ့ အကြောင်းပြချက်တွေဖြစ်နေတော့ အပစ်အခတ်ကတော့ချက်ချင်းကြီးရပ်သွားတာမဟုတ်ဘူးပေါ့”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

တရုတ်နိုင်ငံ၏ဖိအားပေး ကြားဝင်စေ့စပ်မှုကြောင့် ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူထား သော်လည်း “၁၀၂၇ စစ်ဆင်ရေး”သည် ဆက်လက်ရှင်သန်နေသေးကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင်ရှိသည့် Generation-Zမျိုးဆက်အားလုံးသည်လည်း စိတ်ဓာတ်မကျဖို့လိုကြောင်း အာဏာရှင်စနစ်ပြတ်ကျရေးအတွက် မှန်ကန်သည့်ရပ်တည်ချက် ဆုံးဖြတ်ချက်နှင့် လိုအပ်သည့်အလုပ်ကို သေချာဝိုင်းဝန်းလုပ်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ထပ်မံပြောကြားလိုက်သည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *