ခမ်းသားငေါဝ်း
မတ် ၂၁၊၂၀၂၄

ဆီဆိုင်မြို့နှင့် မြို့နယ်အတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးအကြွင်းအကျန်များ ရှိနေသည့်အတွက် အန္တရာယ်ဖြစ်လာမည်ကို ဒေသခံများကစိုးရိမ်နေရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲဖြစ်ပွားမှု ၂ လကျော်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှ​အကြိမ်ရေ ၂ ထောင်ကျော်အထိအသုံးပြုပြီး မပေါက်ကွဲသည့် လက်နက်ကြီးများရှိသောကြောင့် ပေါက်ကွဲပြီး အန္တရယ်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

“အဓိက စစ်ကောင်စီက လက်နက်ကြီးနေ့တိုင်းပစ်တော့ မပေါက်ကွဲသေးတာအများကြီးရှိတယ်လေနော် အဲ့ဒါတွေကိုရှင်းပေးမယ့်လူလည်းမရှိ ပြည်သူတွက်က အန္တရာယ်များတယ် ဒါတွေက တစ်ခုခုနဲ့ထိမိလည်း ပေါက်ကွဲတတ်တော့ စိုးရိမ်ရတယ်”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယင်းမပေါက်ကွဲသေးသည့် လက်နက်ကြီးများ အမြောက်အများရှိသည့်အတွက် ဆီဆိုင်မြို့နှင့် ကျေးရွာများအတွင်း ရှိနေသေးသည့်ပြည်သူများသည် သွားလာရာတွင် စိုးရိမ်စိတ်များနေကြောင်းဆိုသည်။

ဒေသခံတစ်ဦးကလည်း”တောထဲမကဘူး ရွာထဲမြို့ထဲလည်းရှိနေတာပဲ ဒါကို ဘယ်သူတာဝန်ယူဖြေရှင်းမလဲ ဖုန်းလိုင်းကလည်းနေရာတိုင်းမမိဘူး ပေါက်ကွဲလို့ထိမိရင် ဘယ်သူလာကူမလဲ ကျွန်မတို့ပြည်သူပဲ အထိနာမှာလေ”ဟုပြောသည်။

ရှမ်းတောင်တိုက်ပွဲ၂ လနီးပါးအတွင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြိမ်ရေ ၅ ရာနီးပါးနှင့် လက်နက်ကြီးပစ်ခတ်မှု ကြိမ်ရေ ၂ ထောင်ကျော်ပြုလုပ်ကာ မပေါက်ကွဲသည့်လက်နက်မှာ အမြောက်အများရှိသည်ကို မြင်တွေ့ရသည်။

ထို့အပြင် ယနေ့အချိန်ထိ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာဒေသတို့တွင်လည်း အကြောင်းမဲ့လေကြောင်းဗုံးကြဲမှု လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု နေ့စဥ်နီးပါး စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *