ခမ်းသားငေါဝ်း
မတ် ၂၁၊ ၂၀၂၄

ဆိုက်ခေါင်တွင် ကမ္ပဏီကားမောင်းသူ ဒေသခံအမျိုးသားတစ်ဦးကို လုံခြုံရေးစောင့် စစ်ကောင်စီနှင့်ပြည်သူ့စစ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် မတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် နေအိမ်သို့ပြန်လာသူ အောင်သုခရပ်ကွက်နေ ကုမ္ပဏီကားမောင်းသူ ကိုညွန့်နိုင် ပစ်သတ်ခံရကြောင်း သိရသည်။

” အဲ့နေ့က (ကိုညွ့န့်နိုင်) အလုပ်နားပြီး ဟော်နန်းကအစ်မအိမ်ကို သွားလည်ပြီးပြန်လာတာ။ သူ့ အိမ်က လက်နက်ကြီးပစ်တဲ့နေရာရဲ့ အနီးမှာပဲရှိတာ၊ အဲ့နားက စစ်သားတွေလည်း အမြဲမူးနေတော့ စကားများပြီး ပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

ကိုညွန့်နိုင်သည် အသက် ၄၀ ဝန်းကျင်အရွယ် အိမ်ထောင်ရှင်တစ်ဦးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကိုညွန့်နိုင်သည် ဆပ်ပြာကုမ္ပဏီတွင် ကားမောင်းနေသူတစ်ဦးဖြစ်သည်။

ဆီဆိုင်မြို့တိုက်ပွဲဖြစ်ပွားပြီးနောက် ဆိုက်ခေါင်စံပြရွာတွင် စစ်ကောင်စီ နှင့်ပြည်သူ့စစ်က လက်နက်ကြီး အထိုင်ချပြီး ဆီဆိုင်မြို့ကိုပစ်ခတ်နေကြောင်းသိရသည်။

#ppv003

Leave a Reply

Your email address will not be published. Required fields are marked *