ခမ်းသားငေါဝ်း
မတ် ၂၁၊ ၂၀၂၄

စစ်ကောင်စီအာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်းနွေဦးတော်လှန်ရေးကာလတွင် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူသတ်ဖြတ်ခံရသူ ၄၇၅၂ ဦး ရှိလာကြောင်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPထုတ်ပြန်ချက်အရ သိရသည်။

ထိုအပြင် အတည်ပြုရန်လိုအပ်သည့် နာမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ လှုဦးရေ ၁၅၀၀ ဝန်းကျင်ကိုလည်း သီးခြားစာရင်းပြုစုထားတာရှိသေးကြောင်း ထုတ်ပြန်ချက်တွင်တွင် ပြောသည်။

အာဏာသိမ်းဖြစ်စဉ်နှင့်ဆက်စပ်ပြီး မတရားဖမ်းဆီးခံရသူ ၂၆၂၅၆ ဦးရှိပြီး ယင်းအထဲတွင် ၂၀၁၂၄ ဦးက ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၈၈၄၃ ဦးသည် ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

ယင်းအထဲတွင် သေဒဏ်ချမှတ်ခံရသူ ၁၆၆ ဦးလည်း ပါဝင်ပြီး ၆၁၃၂ ဦးက ပြန်လည်လွှတ်မြှောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယင်းဖော်ပြပါအချက်အလက်သည် ၂၀၂၁ ဖေဖော်ဝါရီ၁ရက်နေ့မှ ၂၀၂၃ မတ်လ ၂၀ က်နေ့အထိ AAPP လက်လှမ်းမီသော အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများကြောင်း ထုတ်ပြန်ချက်တွင်ပြောသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *