ခမ်းသားငေါဝ်း
မတ် ၂၀၊၂၀၂၄

စစ်ကောင်စီတပ်သည် ဟိုနမ်းဒေသဖက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းဖြင့် လာရောက်ဗုံးကြဲပြီး ယင်းဒေသရှိပြည်သူကိုခြိမ်းခြောက်နေကြောင်း ဒေသခံထံက သိရသည်။

မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မောက်မဲမြို့နယ် ဟိုနမ်းဒေသ ထီရီးကျေးရွာအနီး ကောင်နွေတိုက်တောင်ပေါ်တွင် တောင်ယာသွားလမ်းတစ်နေရာတွင် တိုက်ပွဲ စစ်ပွဲမဖြစ်ပွားပဲစစ်ကောင်စီကလေကြောင်းဗုံးကြဲ ၂ ကြိမ်ပြုလုပ်တိုက်ခိုက်ခဲ့ကြောင်း PNLA ကထုတ်ပြန်ထားသည်၊၊

“စစ်ပွဲတိုက်ပွဲဖြစ်ပွားတာလည်းမရှိ အကြောင်းမဲ့လာကြဲတာ ဒါကအဓိက ပြည်သူလူထုကို စိတ်လုံခြုံမှု ကိုယ်လုံခြုံမရှိအောင် ခြိမ်းခြောက်တဲ့အကြမ်းဖက်လုပ်ရပ်ပဲဖြစ်တယ်” ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲခြင်းသည် ပြည်သူများတောင်ယာပြန်ချိန်ဖြစ်သော်လည်း ဗုံးကြဲသည့်အချိန်တွင် မည်သူမှမရှိခြင်းကြောင့် ထိခိုက်မှုမရှိပဲ လမ်းအနည်းငယ်သာပျက်စီးခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီသည် ပွန်ချောင်းအရှေ့ဘက် ဟိုနမ်းဒေသရှိ ပအိုဝ်းဒေသကျေးရွာအား ယခုလိုလေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းက ယခုသည်ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ပြည်သူလူလုကို ပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့်တိုက်ခိိုက်မှု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနေ့စဥ်ပြုလုပ်နေသည့်အတွက် ပြည်သူများသွားလာရာသတိ ဝိရီယကြီးကြီးထားပြီးသွားလာသင့်ကြောင်းလည်း PNLA ကအသိပေးတိုက်တွန်းထားသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *