ခမ်းသားငေါဝ်း
မတ် ၂၀၊ ၂၀၂၄

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နာယက ဦးအောင်ခမ်းထီကို သာသနာဆိုင်ရာဘွဲ့တံဆိပ်ဖြစ်သည့် မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ကို ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) – YMBA က ယနေ့တွင်ထုတ်ပြန်သည်။

YMBA က ကျင်းပပြုလုပ်ခဲ့သည့် မတ်လ ၁၇ ရက်နေ့ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ပြည်နယ်ခန်းမ၌ ဘွဲ့တံဆိပ်တော်များချီးမြှင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးအရ ဦးအောင်ခမ်းထီက မတက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။

ထို့ကြောင့် YMBA ဗဟိုဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့က ဦးအောင်ခမ်းထီ ရှိရာ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသား ဆက်ဆံရေးရုံးသို့ သွားရောက်တွေ့ဆုံကာ ဘွဲ့တံဆိပ်ချီးမြှင့်ခဲ့ကြသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#ဦးအောင်ခမ်းထီ
#YMBA
#ဘွဲ့ချီးမြင့်
#သာသနာဆိုင်ရာဘွဲ
#ppv002

Leave a Reply

Your email address will not be published. Required fields are marked *