ခမ်းသားငေါဝ်း
မတ် ၂၀၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်နေဆဲဖြစ်သော်လည်း ပအိုဝ်းအမျိုးသားနေ့အကြိုအဖြစ် တောင်ကြီးမြို့ တပေါင်းကွင်းတွင် ဘောလုံးပွဲကျင်းပနေသည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူအမြောက်အများ စစ်ဘေးရှောင်နေကြရသော်လည်း တောင်ကြီးမြို့တွင် မတ်လ ၁၈ ရက်က စတင်ပြီး ၇၅ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အကြိုအဖြစ် ဘောလုံးပွဲ ကျင်းပနေသည်။

“ကျွန်တော့်အမြင်ကတော့ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ မိုင်းပွန်ထိတောင် အခြေအနေက ကောင်းတာမဟုတ်ဘူးလေ ပြည်သူတွေက အများကြီးတိမ်းရှောင်နေရတာ သူတို့ကဘော လုံးပွဲ ကျင်းပနေတယ် တောင်ကြီးမြို့ထဲကို စစ်ရှောင်လာတဲ့ပြည်သူတွေအများကြီးလည်းရှိနေတော့ ကိုယ်ချင်း စာမိတယ်”ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦးက သုံးသပ်ပြောဆိုပါသည်။

ပအိုဝ်းအမျိုးသားနေ့ကို နှစ်ဉ်ကျင်းပခဲ့ပြီး အားကစားဖြစ်သည့် ဘောလုံးပွဲပါကျင်းပခဲ့ကြသော်လည်း ယခုနှစ်တွင် အခြေနေမတည်ငြိမ်သည့်အတွက် အမျိုးသားနေ့အနေဖြင့် မဖြစ်မနေကျင်းပရမည်ဆိုပါက အပျော်အပါးဖြစ်သည့် ဘောလုံးအားကစားပွဲကို ထည့်သွင်းကျင်းပထားရှိခြင်းအား မလိုလားကြောင်း သူကဆက်ပြောသည်။

ဘောလုံးပွဲကိုကျင်းပခဲ့သော်လည်း အသင့်လျော့၊ ကျင်ပရက်ပါလျော့ပြီး ပြုလုပ်သည်ဟု ဖြားခွန်ဝင်းကိုက ပြောသည်။

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဖြားခွန်ဝင်းကိုက “”စစ်ပွဲဖြစ်နေတယ် ဒေသတွင်းအခက်ခဲဖြစ်နေတယ် နောက်နိုင်ငံတော်က ဖန်တီးတဲ့စစ်မှုထမ်းကိစ္စတို့ နောက်ဒေသခံ လုံခြုံရေးစစ်သားခေါ်ကိစ္စတွေကလူငယ်ပေါ်တာဝန်ကျလာတယ် အားကစားကို ရက်တိုလိုက်တယ် နောက်အသင်းလည်းလျှော့ချလိုက်တာရှိပါတယ်”ဟုပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်တို့တွင် နှစ်ဘက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကာ ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး တစ်သိန်းကျော် တိမ်းရှောင်နေရကြောင်းသိရသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *