ခမ်းသားငေါဝ်း
မတ် ၂၀၊၂၀၂၄

ပင်လောင်းမြို့တောင်ဘက် တောင်မဲသင်းရွာတိုက်ပွဲတွင် PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးတစ်ဦးအပါ ၇ ဦးကျဆုံးသွားကြောင်း မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာအနီး ပြီးခဲ့မတ်လ ၁၇ ရက်ရက်က စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြားတိုက်ဖြစ်ပွားပြီး ယနေ့ထိတိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

“၇ ဦးမှာ ဗိုလ်ကြီးဇော်ပျံပါတယ်လို့သိရတယ် မျက်စိနဲ့တော့မြင်ခဲ့တယ် သူတို့ ဗိုလ်ကြီးထိတော့ အကုန်ပြန်ဆုတ်သွားတယ်၊ KNDF ဘက်က ဒရုန်းနဲ့လာချတော့ သူတို့ဆောင်းပြောင်းမြောက်ဘက်ကောင်ဗာရွာသို့တပ်စွဲထားတယ်”ဟု တောင်မဲသင်းရွာဒေသခံ မျက်မြင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မတ်လ ၂၀ ရက်တွင်လည်း ဆောင်းပြောင်းရွာဘက် ကတိုက်ပွဲပြင်းထန်ပြီး ဒေသခံများပင်လောင်းမြို့ မဘက်သို့ တိမ်းရှောင်ရန် စစ်ကောင်စီတပ်မှကောင်ဗာရွာဘက်၌ လမ်းပိတ်ထားပြီး ဒေသခံကိုထွက်သွားခွင့်မပေးကြောင်း သိရသည်။

ပင်လောင်းတောင်ဘက်တိုက်ပွဲကြောင့် တောင်မဲသင်း ၊နမ့်နိန်း ၊တောင်စလုံး ၊မြောက်စလုံး ၊လုံးပျဥ်စသည့် ကျေးရွာရှိပြည်သူများ ဘေးလွတ်ကင်းရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *