ခမ်းသားငေါဝ်း
မတ် ၂၀၊ ၂၀၂၄

ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်များ လမ်းပိတ်ထားခြင်းကြောင်း ဒေသခံများထွက်မရဘဲ ပိတ်မိနေကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာတွင် ယနေ့မနက်အစောပိုင်းက စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။

“ဆောင်းပြောင်းဈေးမှာ ခုထိတိုက်နေတုန်း။ စျေးနဲ့နီးတဲ့ လဲင်းဗွာလရွာအကုန်ရှောင်တယ်။ ရွာသားတွေလည်းပင်လောင်းဖက်ကို ရှောင်ဖို့လုပ်ပေမယ့် ကောင်ဗာရွာမှာ စစ်ကောင်စီ လမ်းပိတ်နေတော့ သွားလို့မရဘူး။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံအများစုသည် ဆောင်းပြောင်းရွာအနောက်ဖက်ရှိ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်ကြပြီး မထွက်ပြေးနိုင်သည့် သက်ကြီးရွယ်အို ၊ ကျန်းမာရေးမကောင်းသူများက ရွာထဲ၌ ကျန်ခဲ့ကြောင်း သိရသည်။

ယခုတွင် စစ်ကောင်စီဘက်က လေယာဉ်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ကျေးရွာအတွင်းနှင့် ကျေးရွာ အနီးတစ်ဝိုက်တွင် ပစ်ခတ်တိုက်ခိုက်ပြုလုပ်နေကြောင်း သိရသည်။

ဆောင်းပြောင်းကျေးရွာရှိ ရဲစခန်းသည် မတ်လ ၁၈ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက် ဒရုန်း အဆက်မပြတ်ပျဲဝဲပြီး တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *