ခမ်းသားငေါဝ်း
မတ် ၂၀၊ ၂၀၂၅

စစ်ကောင်စီတပ်သား ၄၈ ဦး ထိုင်းနိုင်ငံ အုန်းဖန်းမြို့ (ဒိုင်ပင်ခြိုင်း) ဗန်းပွိုင်းခွိုင်ရွာ သို့ထွက်ပြေးလာခြင်းကြောင့် ထိုင်းစစ်တပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံထံမှသိရသည်။

မတ်လ ၁၉ ရက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ထိုင်းစစ်တပ်မှ ဖမ်းဆီးခြင်းဖြစ်ပြီး လက်နက်များကိုလည်း သိမ်းဆည်းသွားသည်။

“ဖမ်းတာကတော့ ထိုင်းစစ်တပ်ကဖမ်းတာ ရွာသားတွေကသတင်းပေးလိုက်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ကရင်ပြည်နယ် KNU တပ်မဟာ ၆ နယ်မြေတွင် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲးပြင်းထန်ခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

#PPV001

Leave a Reply

Your email address will not be published. Required fields are marked *

You missed