ခမ်းသားငေါဝ်း
မတ်လ၁၉၊ ၂၀၂၄

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်မြို့နယ်အတွင်း စစ်ကောင်စီ အတွက် အုပ်ချုပ်ရေးမူးက စစ်သားစုဆောင်းပေးလျှင်ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန်ကြေညာလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီအတွက် တပ်သားသစ်စုစာရင်းကောက်ပေးပါက PSLF/ TNLA ကိုတိုင်ကြားနိုင်သည်ဟုဖော်ပြထားသည်။

စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းပုံသည် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို သတ်မှတ်ထားသည့် တပ်သားသစ်ဦးရေအတိုင်း စစ်ကောင်စီတပ်ကို ကောက်ခံပို့ဆောင်ပေးရသည်ဟုချမှတ်ထားကြောင်းသိရသည်။

ထိုအပြင် တချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မလွှဲမရှောင်သာ စတင်အကောင်အထည် ဖော်နေရသည်ဟု TNLA ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့စစ်မှုထမ်းရန်အတွက်အုပ်ချုပ်ရေးမှူးများက အဓမ္မ စစ်သားစုဆောင်းခိုင်းစေခြင်းကို မြို့မိ၊မြို့ဖ၊ ရပ်ရွာလူထုနှင့်TNLA က လက်မခံကြောင်းပြောဆိုထားသည်။

ထို့​ကြောင့် အထက်ပါ ၆ မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများက လူထုဆန္ဒကို ဆန့်ကျင်ပြီး တပ်သားသစ်စုဆောင်းမည်ဆိုလျှင် ပြင်းထန်စွာအရေးယူသွားမည်ဟု TNLA ကထုတ်ပြန်သတိပေးထားသည်။

ppv002

Leave a Reply

Your email address will not be published. Required fields are marked *