ခမ်းသားငေါဝ်း
မတ် ၁၉၊ ၂၀၂၄

အာဏာပါဝါကို အလွဲသုံးစားခြင်း လုံးဝရပ်တန့်ရန်မင်းချောင်းရှေ့ရွာ ရာအိမ်မှုးဦးကျော်မြင့်ကို အင်းလေးဒေသ တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ JMC-I အဖွဲ့က မတ်လ ၁၈ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊အင်းလေးကန်အနောက်ဖက်ရှိ ၊မင်းချောင်းရှေ့ကျေးရွာ ရာအိမ်မှုးသည် မူးယစ်ဆေးဝါရောင်းဝယ်သူများအား ပိုက်ဆံတောင်းခံပြီး တရားဝင် ရောင်းချခြင်း ခွင့်ပြုနေသည့်အပြင် ရရှိထားသော ရာအိမ်မှုး အာဏာကိုလည်း အလွဲသုံးစားမှုပြုလုပ်နေသည်။

“သူက စစ်အာဏာမသိမ်းခင်ကတည်းက ရာအိမ်မှုလုပ်နေတာ စစ်အာဏာသိမ်းပြီးနောက် လည်း စစ်ကောင်စီခိုင်းသမျှ လုပ်နေရတာ။ သူ ပြည်သူလူထုအပေါ် စေတနာ၊မေတ္တာထားပြီး အုပ်ချုပ်တာဘဲ မြင်ချင်တယ်။ ခုလုပ်နေတဲ့အလုပ်ကိုရပ်တန့်အောင် ပြည်သူ့အပေါ် ကောင်းကောင်းဆက်ဆံအောင် ကောင်းကောင်းလေး အုပ်ချုပ် နိုင်အောင်လို့ ကျွန်မတို့က သူ့ကို သတိပေးတဲ့သဘောဖြစ်တယ်”ဟု Justice Movement for Community-Innlayအဖွဲ့၏ ဒါရိုက်တာ မယုလှိုင်သင်းက ခမ်းသားငေါဝ်းကို ပြောသည်။

ယင်းရာအိမ်မှုးသည် မင်းချောင်းရှေ့ ရွာအတွင်းသို့အလည်လာသည့် ဧည်သည်များကို ဧည့်စာရင်းတိုင်ခိုင်းပြီပိုက်ဆံ ၃ သိန်းလည်း တောင်းခံကြောင်း သိရသည်။

ထို့အပြင်ရွာလယ်ဓမ္မရုံ သို့ လာရောက်တည်းခိုခွင့်ရန်တောင်းခံသော ကရင်နီပြည်မှ စစ်ရှောင်များကို အကြောင်းအမျိုးမျိုးပြပြီးတည်းခိုခွင့်မပြုခြင်း၊ ကျေးရွာအတွင်းပျူးစောထီးများပေါ်ထွက်လာရန် စည်းရုံးပြောဆိုခြင်း၊ သင်တန်းပေးခြင်း ၊ လူစုပေခြင်းတို့လည်း ပြုလုပ်နေကြောင်းသတိပေးစာတွင် ပြောထားသည်။

ထိုကြောင့် အာဏာပါဝါကို အလွဲသုံးစားခြင်းနှင့်ပတ်သက်ပြီး လုံးဝရပ်တန့်ရန် သတိပေးခြင်းဖြစ်ပြီး သတိပေးခြင်းအပေါ် ဆန့်ကျင်ပြီး မလိုက်နာခဲ့လျှင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မူဝါဒအရ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်းလည်း JMC-1သတိပေးစာတွင် ဖော်ပြထားပါသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *