ခမ်းသားငေါဝ်း
မတ် ၁၉၊ ၂၀၂၄

မှော်ဘီကျေးရွာတောင်ဖက်ရှိစစ်ကောင်စီနှင့် PNOပြည်သူ့စစ်ဂိတ်တွင် ပြောင်းတင်ကားတစ်စီး နှစ်သိန်းငါးသောင်းကျပ် ပေးမှဂိတ်ဖြတ်ခွင့်ပေးကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊မှော်ဘီကျေးရွာရှိ အဝိုင်းပတ်တောင်ဖက် ဂိတ်တွင် ကုန်တင်ကား၊ပြောင်းတင်ကားများထံမှ ငွေအဆမတန်တောင်းခံနေပြီး တောင်းသည့်အတိုင်းပေးမှ ဂိတ်ပေးဖြတ်သည်၊၊

“ကုန်ကားဆိုရင် သူတို့က တားပြီး ငွေတောင်းတယ်။သူတို့တောင်းသလောက် မပေးရင် ပေးမဖြတ်ဘူး။အကြာကြီး ရစ်တာတို့လုပ်တယ်။”ဟု ကိုယ်တိုင်ကြုံတွေ့သူ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင်ဂိတ်တွင်တင်းကြပ်စွာစစ်ဆေးခြင်း၊ အချိန်ကြာ စစ်ဆေး​ခြင်း တို့ကြောင့် စျေးပတ်လိုက်နေသူများလည်း အခက်ခဲ ဖြစ်နေရကြောင်း သိရသည်။

“စျေးပတ်လိုက်တဲ့ကားဆို သေသေချာချာ စစ်ဆေးတယ်။ ပစ္စည်းတွေလည်းချပြီး စစ်ဆေးတော့ အချိန်အရမ်းကြာတယ်။ တစ်ချို့စျေးဆို နောက်ကျတာ တွေရှိတယ်။”ဟု ၄င်းကဆက်ပြောသည်။

အင်းလေးဒေသ ကန်အရှေ့ဖက်နှင့် ကန်အနောက်ဖက်တို့တွင် စစ်ကောင်စီနှင့် PNO ဂိတ်ငါးခုရှိပြီး ယင်းဂိတ်ငါးခုစလုံး ဒေသခံများခရီးသွားများကို တင်းကြပ်စွာစစ်ဆေးခြင်း၊ ငွေညစ်ခြင်း ၊ သံသရရှိသူများကို အကြောင်းမဲ့ ဖမ်းချုပ်ခြင်း ၊ ရိုက်နှက်ခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *