ခမ်းသားငေါဝ်း
မတ်၁၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင် PNO ပြည်သူ့စစ်က စစ်အသုံး စရိတ်ကောက်ခံနေသည်ဟုမတ်လ ၁၉ ရက်က ဒေသခံထံက သိရပါသည်။

စစ်အသုံးစရိတ်အဖြစ် တအိမ်လျှင် တစ်သိန်း ကျပ်ကောက်ခံနေပြီး အိမ်စီးကားတစ်စီးလျှင် ငါးသောင်းကျပ်၊ canter ကားတစ်စီးလျှင် တစ်သိန်းကျပ်၊ ထွန်စက်တစ်စီးလျှင် (တစ်သောင်းခွဲ)တစ်သောင်းငါးထောင်ကျပ်စသည်ဖြင့် ကောက်ခံနေသည်။

“ခုဆက်ကြေးကောက်လည်းပေးရတယ် ဒီလိုအခြေအနေမှာ အားလုံးက အခက်အခဲရှိနေတဲ့ကြားက စစ်အသုံးစရိတ်ထပ်တောင်းတော့ ပိုပြီးအဆင်မပြေဖြစ်ရတယ် တစ်ချို့လူကြ မတတ်နိုင်တော့ သူများကိုချေးငှားရတာတွေရှိတယ်”ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

စစ်ပွဲအတွက် လူခေါ်ရင်လည်း သွားပေးရကြောင်း မသွားရင်လည်း ပိုက်ဆံပေးရတာမျိုးရှိသည့်အကြောင်း အခြားဒေသတွင်လည်း ထိုကဲ့သို့ကြားထားကြောင်း ၎င်းကဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းဒေသတိုင်းနီးပါးတွင် PNO က စစ်အသုံးစရိတ်သာမက အကြောင်းအမျိုးမျိုးခေါင်းစဉ်တပ်ပြီး ဆက်ကြေးကောက်ခံနေကြောင်း သိရပါသည်။

ပင်လောင်းမြို့တောင်ဘက်တွင် ခုလက်ရှိ စစ်ကောင်စီ PNO ပြည်သူ့စစ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရပါသည်။

ယင်းတိုက်ပွဲတို့ကြောင့် ပင်လောင်းတောင်ဘက်ရှိ ဒေသခံများမှာ ဘေးလွတ်ကင်းရာကိုထွက်ပြေးရသလို အချို့က ပြေးရန်ပြင်ဆင်နေကြကြောင်း သိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *