ခမ်းသားငေါဝ်း
မတ်လ ၈၊ ၂၀၂၄

ထိုင်းနိုင်ငံမြောက်ပိုင်းက လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန် အိမ်နီးချင်းနိုင်ငံများ၏ ပြောင်းတင်သွင်းမှုကိုလာမည့်နှစ်တွင် ရပ်တန့်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

တောမီးနှင့် မီးခိုးမြူ ကာကွယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံ့အဖွဲ့အစည်းများ ကြိုတင်ကာကွယ်ရေး အစီအမံများကို စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် Srettha Thavisin သည် စနေနေ့က ချင်းမိုင်မြို့သို့ သွား ရောက်ခဲ့သည်။

ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် လာမည့်၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားစသည့် အိမ်နီးချင်းနိုင်ငံများတွင် ပြောင်း တင်သွင်းမှု တားမြစ်မည့်အကြောင်း ထိုင်းဝန်ကြီးချုပ်ကပြောသည်။

အိမ်နီးချင်းနိုင်ငံများမှ ပြောင်းသီးနှံတင်သွင်းမှုကို လေထုညစ်ညမ်းမှုအမြင့်ဆုံးအချိန်တွင် မပိတ်ပင်ပါက ယင်းပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းလည်း ပြောဆိုထားပါသည်။

ထိုင်းဖက်သို့ ပြောင်းတင်သွင်းမှုလျှော့ချမည့် ကိစ္စနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယားနှင့် လာအိုတို့က သက်ဆိုင်ရာဝန်ကြီးအပြင် မြန်မာနိုင်ငံ စစ်တပ်၏ ကာကွယ်ရေးဦစီးချုပ်နှင့် မတ်လ ၁၆ ရက်က ဆွေးနွေးထားပြီးကြောင်းလည်းသိရသည်။

ကိုးကား Bangkok Post
#ppv008

Leave a Reply

Your email address will not be published. Required fields are marked *