ခမ်းသားငေါဝ်း
မတ်လ ၁၈၊ ၂၀၂၄

ပြောင်းစျေးကျပြီး ဝယ်သူမရှိသည့်အတွက်ကြောင့် ရှမ်းတောင်ရှိ ပြောင်းစိုက်တောင်သူများ အခက်အခဲဖြစ်နေကြောင်း ပြောင်းစိုက်တောင်သူ ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်သည် ပြောင်းစျေးတပိဿာ ၁ ထောင်ကျော်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အမြင့်ဆုံး ၉၀၀ ကျပ်သာရရှိပြီး စိုက်ပျိုးစရိတ်ကို ပြန်မကာမိသည့်အပြင် စားဝတ်နေရေးလည်း အခက် အခဲဖြစ်နေကြောင်းသိရသည်။

“ကိုယ့်ဒေသထွက်သီးနှံတွေ စိုက်ပျိုးတော့လည်း စျေးကမရတဲ့အပြင် ခုချိန်ပြောင်းတွေတောင် ဝယ်တဲ့သူမရှိဘူး စိုက်တာနဲ့ပြုစုရတာနဲ့ လုပ်အားခနဲ့လုံးဝမတန်ဘူး လမ်းတွေလည်းပိတ်တော့ကုန်သွယ်ရေး လမ်းကြောင်းတွေပိတ်ကုန်တယ် စီးပွားရေးကျဆင်းပြီး ရှေ့ဆက် ဘာလုပ်ရမှန်းတောင် မသိတော့ဘူး” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပြည်ပမှသွင်းအားစုများကိုစျေးကြီးပေးဝယ်ရသလို စက်ဖြင့်စိုက်ပျိုးရသည့်အတွက် ဓာတ်ဆီ ဒီဇယ်စျေးကြီးပေးဝယ်ယူရခြင်းကြောင့် စျေးတစ်ထောက်အထက်မရပါက အဆုံးပေါ်နေကြောင်းသိရသည်။

ပြောင်းဈေးကျပြီး ရောင်းမထွက်သည့်အပြင် အခြားသီးနှံများလည်း နိုင်ငံရေးအခြေအနေကြောင့်ဈေးကောင်းမရသည့်အတွက် စိုက်ပျိုးတောင်သူများအား လာမည့်စိုက်ပျိုးရာသီမှာ ပို၍အခက်ခဲရှိနိုင်ကြောင်းဆိုသည်။

လာမည့်နှစ်တွင်လည်း ထိုင်းနိုင်ငံ ကပြောင်းတင်သွင်းခွင့်ပိတ်ပင်မည်ဟုပြောဆိုထားသည့်အတွက်ပြောင်း တောင်သူများပိုပြီးအခက်တွေ့နိုင်ကြောင်းသိရသည်။

#ppv008

Leave a Reply

Your email address will not be published. Required fields are marked *