ခမ်းသားငေါဝ်း
မတ်လ ၁၈၊ ၂၀၂၄

ပင်လောင်းမြို့နယ် ဆောင်းပြောင်းရဲစခန်းကို ကရင်နီ တော်လှန်ရေး အင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဆောင်းပြောင်း ဒေသခံတစ်ဦးခံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရဲစခန်းကို ယနေ့ ၁ နာရီအချိန်ခန့်က တော်လှန်ရေးအဖွဲ့များက သိမ်းလိုက်ကြောင်း သိရသည်။

” PDF အဖွဲ့ဝင်တိုက်ပြီး စစ်သားနဲ့ရဲတွေ ပြေးကုန်တယ်။သူတို့ပြေးကုန်တော့တော့ ရွာသားတွေလည်း အကုန်နီးပါးရှောင်ကြပြီ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီဖက်ကဒရုန်းဖြင့် ဆောင်းပြောင်းရွာ အပေါ်တစ်ဝိုက်တွင်ကင်းထောက် နေ ကြောင်း သိရသည်။

ဆောင်းပြောင်းရွာ ဒေသခံအများစုကလည်း ဘေးကင်းရာ ထွက်ပြေးတိမ်ရှောင်နေကြပြီ​ဖြစ် သည်။

တိုက်ပွဲအခြေအနေများကြောင်း မိဘပြည်သူများအနေဖြင့် ဆောင်းပြောင်း-နမ်းဖာမူ-ဖယ်ခုံလမ်း၊ဆောင်းပြောင်း-လအိ-အနောက်ပီကင်းလမ်း ကိုသွားလာ အသုံးပြုခြင်းမပြုရန်လည်း တော်လှန်ရေးအဖွဲ့က သတိပေးထားပါသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *