ခမ်းသားငေါဝ်း
မတ် ၁၇၊၂၀၂၄

နမ့်စန်မြို့အတွင်းရှိ မြို့ခံပြည်သူများ စစ်မှုထမ်းရန် မဲနှိုက်မည့်အစီစဥ်ပြုလုပ်သည့်အတွက် တပ်မိသားစု၏ သားသမီးများ ထိုအစီစဥ်ထဲမပါသွားရန်ယာယီပုန်းရှောင်ခိုင်းနေကြောင်းဒေသခံပြောပြချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့အတွင်းမှာ လာမည့် မတ်လ ၁၉ ရက်နေ့မှာ စစ်မှုထမ်းရန်မဲနှိုက်အစီစဥ် စီစဥ်ထားကြောင်းသိရသည်။

“အဲ့ဒါဟုတ်တယ် သူတို့(စစ်တပ်)သားသမီးကိုကျရှောင်ခိုင်းတယ် သူများသားမီးခါကျ မဲနှိုက်ရမယ်တဲ့ ရာတစ်ခုမှာလား ဆယ်စုတစ်ခုမှာလားပြောသွားတယ် ၂ ယောက်စီခေါ်မယ်လို့ပြောတယ်”ဟုနမ့်စန်မြို့ခံတစ်ဦးကပြောသည်။

နမ့်စန်တွင် စစ်မှုထမ်းခေါ်ရန် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့၌ ကြိုတင်အစည်းအဝေးခေါ်ပြီး လာမည့် ၁၉ ရက်နေ့၌ မဲနှိုက်ရန်ပြင်ဆင်ထားကြောင်းဆိုသည်။

ထိုစစ်မှုထမ်းခေါ်ရာတွင် အချို့သောစစ်မှုထမ်း ဟောင်း ရဲဘော်ဟောင်း တပ်သားဟောင်းများကိုလည်း တစ်ဖန်ပြန်လည်ခေါ်ယူနေကြောင်းစုံစမ်းသိရှိရသည်။

ဒေသခံများအနေဖြင့်စစ်မှုထမ်းခြင်းကို မလိုလားသည့်အတွက်သားသမီးများပြည်ပသို့ထွက်သွားစေပြီး ကောက်ထားသည့် အိမ်ထောင်စုသန်းခေါင်စာရင်းအရမဖြစ်မနေစစ်မှုထမ်းခိုင်းပါက တတ်နိုင်သည့်မိသားစုသည် ငွေကြေးဖြင့်ဖြေရှင်းကြရန်ရှိသလို လူလတ်တန်းစားနှင့်အောက်ခြေ အခြေခံလူတန်းစား များအတွက်အခက်ခဲဖြစ်စေကြောင်းသိရသည်။

ထို့အပြင်စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း သာမဏေနှင့် ဥူးဇင်းဝတ်သွားသည့်လူငယ်ကိုလည်း အတင်းလူပြန်ထွက်ခိုင်းပြီး စစ်မှုထမ်းဆောင်ရန် စေခိုင်းမှုလည်းလုပ်ဆောင်ခြင်းရှိနေကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *