ခမ်းသားငေါဝ်း
မတ်လ ၁၇၊ ၂၀၂၄

တောင်မဲသင်းကျေးရွာတွင်ယနေ့ တိုက်ပွဲ ပြင်းထန်နေပြီး ရွာသားများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာ ယနေ့မနက်က စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် ကရင်နီ တော်လှန်ရေး အင်အားစု များအကြား တိုက်ပွဲပြင်းထန်နေ ကြောင်း သိရသည်။

“လူကမနိုးသေးဘူး။လက်နက်သံဆက်တိုက်ကြားရတယ်။ ရွာအနီးကော ရွာထဲပါ ပစ်တယ်။ရွာသားတွေလည်း ရုတ်တရက်ရုတ်ရုတ်သဲသဲထွက်ပြေးကုန်ကြတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခု ဆောင်းပြောင်းရွာအနီး တောင်မဲသင်းကိုသွားသည့် လမ်းတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ပိတ်ထား ပြီဖြစ်ကြောင်း သိရသည်။

တောင်မဲသင်းရွာအပြင် တောင်စလုံး၊မြှောက်စလုံး၊လုံးပျဉ် ၊နမ်းနိန်းရွာ ဒေသခံတစ်ချို့လည်း ထွက်ပြေး တိမ်းရှောင်နေရပြီဖြစ်ကြောင်း သိရသည်။

ယခုတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီ၊PNO​ပြည်သူ့စစ်က အင်အားဖြည့်တင်းနေပြီး စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *