ခမ်းသားငေါဝ်း
မတ် ၁၇၊၂၀၂၄

တစ်ကျော့ပြန်တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်ရှိဒေသခံပြည်သူနှင့် လူငယ်အများစုမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တောင်ဘက်ဒေသတွင် မတ်လ ၁၀ ရက်နေ့ကစပြီး ယနေ့အထိ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းကြောင့် ဒေသခံများ၊လူငယ်များအခက်အခဲဖြစ်နေရကြောင်းဆိုသည်။

“စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသူတွေတော်တော်များများမြင်တွေ့ရတယ် အချို့ဆို အသံအကျယ်ကြားတာနဲ့ ဂနာမငြိမ် စိတ်ကယောင်ခြောက်ချားနေရတာလည်းမြင်တယ်”ဟုအမည်မဖော်သူသည့်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောင်းသည်။

အချို့သော လူငယ်များသည် ပြည်ပသို့ထွက်ခွာသွားခြင်းရှိသလို အချို့က ဘာမှမထူးဘူးဟုဆိုပြီး ရှေ့ဆက်ရမည့်လုပ်ဆောင်စရာမရှိ လမ်းပျောက် အနာဂတ်ပျောက်နေသည့်လူငယ်လည်းမြင်တွေ့နေရကြောင်း၎င်းကဆက်ပြောသည်။

စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် ပြည်သူ့ကာကွယ် ရေးPDF တပ်တို့အကြား ပြီးခဲ့သည့်မတ်လ ၁၀ ရက်နေ့ကစပြီး နောက်ဝိုး၊နမ်းဖာမူ၊ဗန်းမောက်စသည့်ကျေးရွာတို့အတွင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံများထွက်ပြေးတိမ်ရှောင်နေရသည်။

ထိုသို့တိုက်ပွဲတစ်ကျော့ပြန်ဖြစ်ပွားလာခြင်းနှင့်ပတ်သက်ပြီး လူနေအိမ်များ အဆောက်အဦးများထပ်မံထိခိုက်ပျက်စီးခြင်းနှင့် အပြစ်မဲ့ပြည်သူထပ်မံသေကြေရမည်ကိုမလိုလားကြောင်းပြောဆိုသည်။

ထို့အပြင် ကျေးရွာရှိလူနေအိမ်များ ဘုန်းတော်ကြီးကျောင်းများစသည်တို့ကို ကာဘာထားပြီးမတိုက်ကြဖို့နှင့် ရပ်ရွာအတွင်း စစ်သလင်းမဖန်တီးဖို့တောင်းဆိုချင်ကြောင်းလည်းပြောသည်။

၂၀၂၃ ခု မတ်လ ၁၁ ရက်နေ့တွင်လည်း ပင်လောင်း တောင်ဘက်တောင်မဲသင်း၊နမ့်နိန်း၊ စသည့်ဒေသဘက်၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယနေ့မနက်ပိုင်း ကလည်းတောင်မဲသင်း ရွာအနီးတိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *