ခမ်းသားငေါဝ်း
မတ်လ ၁၆၊ ၂၀၂၄

TNLAသိမ်းပိုက်ထားသည့် နမ္မတူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကိုကွင်းဆင်း စစ်ဆေးခဲ့ကြောင်းမတ်လ ၁၅ ရက်နေ့တွင် TLNAကထုတ်ပြန်ထားသည်။

မန်စံကျေးရွာရှိ လျှပ်စစ်ရုံး၊ မီးသတ်ရုံး၊ ဆေးရုံ၊ ကျောင်းနှင့် အများပြည်သူပိုင် ဘာသာရေးအဆောက်အဦးများကို PSLF/TNLA ၏မြေယာဥပဒေ မူဝါဒနှင့် အညီ ဧရိယာနယ်နိမိတ်များ သတ်မှတ်ပေးခြင်း၊ မြေယာအဆောက်အဦ အကျယ်အဝန်းများ တိုင်းထွာသတ်မှတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောသည်။

“ကျနော်တို့က တအာင်းပြည်နယ်ထဲမှာရှိတဲ့ ဌာနဆိုင်ရာရုံး၊ အများပြည်သူပိုင် စာသင်ကျောင်း၊ ဆေးရုံ နဲ့ ဘာသာရေး အဆောက်အဦးတွေကို ကျနော်တို့ သတ်မှတ်ထားတဲ့ မြေယာဥပဒေမူဝါဒနဲ့အညီ ထိန်းသိမ်းသွားဖို့ ကွင်းဆင်းစစ်ဆေးနေတာ ရှိတယ်၊ အခုလည်း နမ္မတူမြို့နယ်ထဲက ဌာနဆိုင်ရာရုံးနဲ့ အများပြည်သူပိုင်တဲ့ မြေယာအဆောက်အဦးတွေရဲ့ အကျယ်အဝန်းကို တိုင်းတယ်၊ ပြီးတော့ နယ်နိမိတ်ဧရိယာတွေကို လိုက်ပြီး သတ်မှတ်တယ်”ဟု နမ္မတူမြို့နယ်၊ PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ထုတ်ပြန်ချက်တွင်ပြောထားပါသည်။

နမ္မတူမြို့နယ်အား PSLF/TNLA တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်မှ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စစ်ကောင်စီတပ်ထံမှ အပြီးသတ်သိမ်းပိုက်ခဲ့ကာ PSLF/TNLA၏ အုပ်ချုပ်ရေးယန္တရားများနှင့်အညီ စီမံအုပ်ချုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *