ခမ်းသားငေါဝ်း
မတ် ၁၆၊၂၀၂၄

ထမ်းယမ်းကျေးရွာကို တစ်ရက်အတွင်း စစ်ကောင်စီ လေယာဉ်ဖြင့်နှစ်ကြိမ် ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယမ်ရွာ မတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် နေ့လည် ၁ နာရီပထမအကြိမ် ဗုံးနှစ်လုံးကြဲချပြီး ည ၅ နာရီကျော်ဒုတိယကြိမ် ဗုံးလေးလုံးဖြင့် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

“ပထမတစ်ကြိမ်ကဘုန်ကြီးကျောင်းဆောင်တွေ ပျက်စီးသွားတယ်။ နောက်တစ်ခေါက်ကအိမ်နှစ်လုံးမီးထဲပါသွားတယ်။ ရွာသားတွေအခု ရွာထဲမနေရဲတော့ဘူး “ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထမ်းယမ်ကျေးရွာသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေး တပ်များလည်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ၊လေယာဉ်ဖြင့်နေ့စဉ် လာရောက်တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်လည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၆ လအရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးမိဘနှစ်ဦးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *