ခမ်းသားငေါဝ်း
မတ် ၁၆၊ ၂၀၂၄

ဟိုပုံးမြို့နယ် နမ်းဟူးရွာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊မွေတော်ဘုန်းကြီးကျောင်းရောက် နမ့်ဟူးရွာ ဒေသခံ များအတွက်စားနပ်ရိက္ခာများ၊နေရာထိုင်ခင်းများ လိုအပ်လျက်ရှိကြောင်းသိရသည်။

“နေရာထိုင်ခင်းနဲ့စားစရာတွေ လိုအပ်နေတယ်။ခုက ရွာသားတွေပေးတဲ့ ဆန်၊အသီးအရွက်တွေနဲ့ပဲ စုပြီးချက်စားရတာ။ ရွာသားအိမ်တွေလည်း မီးရှို့ခံထားရတော့ စိတ်ဓာတ်ကျနေကြတယ်”ဟု စစ်ရှောင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နမ့်ဟူးရွာသည် အိမ်ခြေ ၁၀၀ ရှိပြီး လှုဦးရေ ၃၀၀ ကျော်ရှိကာ အများစုမှာ ဟိုပုံးမြို့ မွေတော်ဘုန်းကြီးကျောင်းတွင်ရှောင်နေကြကြောင်းသိရသည်။

နမ့်ဟူးရွာသည် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် ရွာလုံးကျွတ်နီးပါး နေအိမ်မီးရှို့ဖျတ်ဆီးခံခဲ့ရကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *