ခမ်းသားငေါဝ်း
မတ် ၁၄၊ ၂၀၂၄

ပင်လောင်းမြို့ပေါ်အထိ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံများ ပင်လောင်းမြို့အကျော်နောင်တရားဘက်တွင် ထပ်မံပြီးစစ်ရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်တွင် မတ်လ ၁၀ ရက်က စတင်ခဲ့သည့် တိုက်ပွဲကြောင့် ဆက်လက်ပြင်းထန်နိုင်သည့် အခြေအနေတွင်ရှိနေပြီး ဒေသခံများ လုံခြုံရေးစိုးရိမ်ကြောင့် ပင်လောင်းအနီးအနားတွင်မနေရဲဘဲ နောင်တရား ဘက်တို့တွင် တိမ်းရှောင်နေရကြောင်း သိရသည်။

“နီးစပ်ရာဒေသက မလုံခြုံတော့ဘူးလေ တိုက်ပွဲက ဘယ်အထိဖြစ်မှာလည်းမသိဘူး ဟိုပုံးလိုပဲတဖြည်းဖြည်း စစ်မျက်နှာပြင်ကျယ်လာမှာကြောက်တယ် အဲကြောင့်ပင်လောင်းမြို့ပေါ်လည်း ဘယ်ချိန်ဖြစ်လာမှန်းမသိတော့ ပိုပြီးလုံခြုံမှုရှိတယ် ထင်တဲ့ဒေသမှာ ရှောင်ကြရတယ်”ဟု စစ်ရှောင်နေသူအမျိုးသမိးတစ်ဦးက ပြောသည်။

ပင်းလောင်းမြို့တောင်ဖက် ကားရား၊ နောင်ဝိုး၊ ကုန်ပေါး၊ နမ်းဖာမူ၊ဗန်းမောဝ်တို့တွင် စစ်ကောင်စီ PNO ပြည်သူ့စစ်နှင့် ပြည့်သူ့ကာကွယ်ရေးတပ်PDFတို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံပြည်သူများ သောင်းချီထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *