ခမ်းသားငေါဝ်း
မတ် ၁၄၊၂၀၂၄

ပင်လုံ လဲချားလမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်စီးသူ ၁ ဦးသေဆုံးပြီး ၁ ဦးမှာဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သည် မတ်လ ၁၃ ရက် နေ့လည် ၁၂ နာရီကျော်အချိန်တွင် ပင်လုံ-လဲချားကြားရှိ ဝမ်နောင် ဝမ်းကုန်းကျေးရွာအနီးတွင် မိုင်ကိုင်ကနေမောင်းလာသည့် ပရိုဘောက်ကားနှင့် ပင်လုံကနေမောင်းလာသည့်ဆိုင်ကယ်တို့ ထိပ်တိုက်တွေ့ပြီးယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

“အသက် ၁၆ နှစ်အရွယ်ကောင်လေးနှစ်ယောက် ပင်လုံကနေပြန်လာတာ အဲ့မှာထိပ်တိုက်တွေ့တာပဲ လွိုင်လင်ဆေးရုံရောက်တော့တစ်ယောက်သေသွားတယ် တစ်ယောက်က ခြေကြိုး သွားကြိုးမျက်နှာပျက်စီးသွားတယ်”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရထားသည့် တစ်ယောက်က လွိုင်လင်ဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိပြီး တိုက်သူကားသမားက ရဲစခန်းသို့ရောက်သွားပြီး ညှိ့နှိုင်းဖြေရှင်းလျက်ရှိကြောင်း သိရသည်။

ယင်းလူငယ်နှစ်ဦးသည် နန့်လင်းရွာကဖြစ်ပြီး ပင်လုံကနေရွာအပြန်အချိန်မှာ ယခုလို ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် ၎င်းနေရာသည် လမ်းကျယ်နေသော်လည်း ယာဉ်မတော်တဆမကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် နှစ်ဘက်မနစ်နာရအောင် ကားရောဆိုင်ကယ်ပါဖြေးဖြေးမောင်းနှင်းကြရန် ဒေသခံများကပြောဆိုသည်။

#PPV004
#ယာဉ်တိုက်မှု
#ပင်လုံ
#လဲချား
#လူသေဆုံး
#ကားနှင့်ဆိုင်ကယ်
#မှုခင်း

You missed