ခမ်းသားငေါဝ်း
မတ် ၁၃၊၂၀၂၄

အာလူးစျေးအဆမတန် ကျဆင်းသဖြင့် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်နေကြရကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ နောင်တရားဒေသ ကျေးရွာအများစုတွင် အာလူးကို အဓိကစိုက်ပျိုးကြပြီး ယခုနှစ်တွင် သွင်းအားစု အဆမတန်စျေးတက်ပြီး အရင်းနှီးကြီးကာ စျေးမရရှိခြင်းကြောင့် အရှုံးဖြင့်သာ ရောင်းနေရကြောင်း သိရသည်။

“ဆေးဖျန်းဖိုးရော ၊ရေဖိုးရော၊ ပိုက်ဖိုးရော၊ မြေသြဇာဖိုးရော ၊လူငှားခရော အများကြီးကုန်တာ။ အခုတပိသာစျေးက ၂၀၀၀ တောင်မပြည့်ဘူး။ အကြာကြီးသိုလှောင်ထားလို့လည်းမရတော့ အရှုံးနဲ့ပဲ ရောင်းရတယ်”ဟု အာလူးစိုက် တောင်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ယခင်နှစ်တွင် အာလူး ၁ ပိဿစျေးကို ၃၅၀၀၊ ၄၀၀၀ အထိရရှိသော် ယခုနှစ်သည် ၂၀၀၀ ဝန်းကျင်သာရှိကြောင်း ရွာထိလာဝယ်သည့်ပွဲစားက ၁၅၀၀၊ ၁၇၀၀ ပဲပေးကြောင်း ပွဲရုံအထိသွားရောင်းရင် ၂၅၀၀ ရကြောင်း သိရသည်။

“ခေတ်မကောင်းတော့ ရွာထဲ ရောင်းသူများတယ်။ ပွဲရုံထိမသွားကြတော့ဘူး”ဟု ၄င်းကဆက်ပြော သည်။

ပင်လောင်း၊နောင်တရားဖက်ဒေသခံအချို့သည့် အာလူးစိုက်ပျိုးမှုအပေါ်သာ မိသားစု ဝင်ငွေရှိသဖြင့် ယခုလို အာလူးစျေးမရှိခြင်းကြောင့် မိသားစု စားဝတ်နေရေး ခက်ခဲမှုများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

#PPV005

You missed