ခမ်းသားငေါဝ်း
မတ် ၁၃၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့ အဝင်အထွက်ဂိတ်ကို စစ်ကောင်စီက အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ပြီး ဖြတ်သန်းသွားလာခွင့်ပေးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဟိုပုံးနှင့် မိုင်းပွန်ကြားတိုက်ပွဲကြောင့် စစ်ကောင်စီက မိုင်းပွန်အဝင်အထွက်လမ်းများကိုပိတ်ထားကာ မတ်လ ၁ ရက်နေ့က ပြန်ဖွင့်ပေးထားသော်လည်း လက်ရှိတွင် ည ၆ နာရီမှ မနက် ၆ နာရီထိ ကားကြီး၊ ကားငယ်များကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း သိရသည်။

“ သူတို့က အချိန်အကန့်အသတ်နဲ့ ဖွင့်ပေးတာ ဆီဆိုင်၊ ဟိုပုံးဖက်တို့ စစ်ပွဲပြင်းထန်လာတော့ ဒီဖက်ကိုပါထပ်ပြီး တိုက်ပွဲပြင်းထန်မှာကြောက်လို့ပိတ်လိုက်တာထင်တယ် ည ၆ နာရီကနေ မနက် ၆ နာရီထိ ကားတွေကိုပေးမဖြတ်ဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်၊ဟိုပုံး၊ လွိုင်လင်ဒေသတို့တွင် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်နှင့် PNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှ အကြောင်းမဲ့လေကြောင်းဖြင့် ဗုံးကြဲခြင်းလက်နက်ကြီးပစ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ယင်းတို့ကြောင့် ပြည်သူ၏ အသက်အိုးအိမ်ထိခိုက်ပျက်စီးခဲ့ရပြီးဒေသခံပြည်သူများစွာလည်း အိုးအိမ်စွန့်ခွါဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *