ခမ်းသားငေါဝ်း
မတ် ၁၃၊ ၂၀၂၄

ထမ်းယမ် ကျေးရွာဖက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ၂ ညဆက်တိုက် ပစ်ခတ်တိုက်ခိုက်လာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထမ်းယမ်ကျေးရွာကို စစ်ကောင်စီက မတ်လ ၁၁ ရက်နေ့ညနှင့် မတ်လ ၁၂ ရက်နေ့ညတို့တွင် အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာကြောင်း သိရသည်။

“အရင် လက်နက်ကြီးအိမ်ကိုထိကတည်းက ရွာသားတွေရှောင်ကြတာ နည်းနည်းငြိမ်တော့ပြန်လာကြတာ မကြာသေးဘူး ၃၊ ၄ ရက်ပဲအိမ်ကိုပြန်လာကြတာ ခုထပ်ပစ်တော့ ရွာသားတွေ ကြောက်နေကြတယ်။” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထမ်းယမ်ရွာသားများ ယခုတွင် တစ်ဝက်နီးပါး စစ်ရှောင်နေဆဲဖြစ်ပြီး တစ်ချို့လည်း ပြန်နေကြကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့က ၁၀ ချက် ဝန်းကျင်ပစ်ခတ်ခဲ့ပြီး ၁၂ ရက်နေ ညနေပိုင်းမှာလည်း ဆက်လက်ပစ်ခတ်လာနေကြောင်းဒေသခံထံသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၆ လအရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးမိဘနှစ်ဦးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *