ခမ်းသားငေါဝ်း
မတ် ၁၃၊၂၀၂၄

ဆီဆိုင်ဘက်မှ တောင်ကြီးမြို့နယ် နားဘောင်ကျောင်းတွင် ရောက်လာသည့် စစ်ရှောင်ကလေးများ စားဝတ်နေရေးအတွက် အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။

စစ်ရှောင်ကလေးများသည် ဆီဆိုင်မြို့နယ် မဲဟဲဘုန်းကြီးကျောင်းကဖြစ်ပြီး လက်ရှိအယောက် ၂၀၀ ကျော်အတွက် စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည်။

“လိုအပ်ချက်တွေက အဘက်ဘက်လိုတယ် ကျန်းမာရေးတွက်ဆေးဝါးတွေ ၊ နောက်ခြုံဖို့အခင်းတွေ၊ စောင်တွေ အဓိကဆန်ဆီဆားတွေလည်းလိုအပ်တယ်”ဟု အုပ်ထိန်းသူ မဲဟဲကျောင်းဆရာတော် ဥူးနရိန္ဒိက ခမ်းသားငေါဝ်းကိုမိန့်သည်။

လက်ရှိ နားဘောင်ကျောင်းတွင် ရောက်လာသည့်စစ်ရှောင်ကလေးနှင့် ကျေးရွာအတွင်းကလေးများ ဓမ္မစကူလ်း၊ ပအိုဝ်းစာ၊ အင်္ဂလိပ်စာ၊ လူငယ်စွမ်းရည်မြင့်သင်တန်းနှင့် သဘာဝပတ်ကျင်အကြောင်းအရာများ သင်ယူနေကြသည်။

“ကလေးတွေ စာသင်ချိန်ပျော်ပျော်ရွှင်ရွှင်ရှိဖို့ မှုန့်သရေစာနဲ့သင်ထောက်ကူပစ္စည်းတွေ၊ စာအုပ်တွေလည်းလိုတယ်”ဟုထပ်ပြီးမိန့်ဆိုသည်။

လက်ရှိနွေရာသီစာပေသင်ကြားခြင်းအတွက် ဆရာတော် ၁ ပါး၊ ဥူးဇင်းငယ်တစ်ပါးနှင့် ဆရာတစ်ယောက်၊ ဆရာမနှစ်ယောက်တို့ကတာဝန်ယူသင်ကြားပေးနေပြီး ၅ လပိုင်းအထိသင်ကြားပေးဖို့ရှိကြောင်း သိရသည်။

ကလေးများမှာ စစ်ရှောင်နေရင်း ပညာရေးမပျက်ရလေအောင်နှင့် သိသင့်သိထိုက်သော အမျိုးသားရေးစိတ်ဓာတ် ဘာသာရေးစိတ်ဓာတ် စသည်များကို မျိုးဆက်သစ်လူငယ်များကို သင်ကြားပေးနေပြီး ထိန်းနေကြောင်း သိရသည်။

စစ်ဘေးမရှောင်ရခင် အရင်၌လည်း ဆီဆိုင်မြို့နယ် မဲဟဲကျောင်းမှာ ပရဟိတကျောင်းဖွင့်ထားပြီး ကလေးများ ကိုရင်လေးများနှင့်အခြားကလေးငယ်များမှာ လောကုတ္တရာပညာရပ်များအပြင် သိသင့်သိထိုက်သည့် လောကီပညာရပ်များကိုသင်ကြားပေးခဲ့ဖူးကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *