ခမ်းသားငေါဝ်း
မတ် ၁၃၊၂၀၂၄

ဆီဆိုင်မြို့နယ် မဲဟဲကျောင်းမှ တောင်ကြီးမြို့နယ် နားဘောင်ကျောင်းတွင် စစ်ဘေးရှောင်လာသည့် ကိုရင်လေးသုံးပါး စာသင်နေရာမှ ခိုးပြန်ပြီး ပျောက်ဆုံးနေကြောင်း အုပ်ထိန်းသူဆရာတော်ထံမှ သိရသည်။

ယင်းကိုရင်လေးသုံးပါးသည် ယနေ့မတ်လ ၁၃ ရက် နံနက်အစောပိုင်း ၃ နာရီအချိန်တွင် စတင်၍ ထွက်ပြေးခဲ့ပြီး ပျောက်ဆုံးသည့်အတွက် စိုးရိမ်နေကြောင်းဆရာတော်က မိန့်ဆိုသည်။

“အဖော်တွေကအရင်ပြေးတာရှိတယ် ငါတို့ကအဖော်ကောင်းတွေဆိုတော့ သူတို့ပြေးရင်ငါတို့လည်းပြေးမယ် အဲ့လိုနဲ့မနက် ၃ နာရီကပြေးပြန်ကြတာ အရင်သူတို့အဖော်ပြေးကြတုန်းကလည်း မနက်ပိုင်း ၄ နာရီလောက်ပြေးကြတာ အခုသူတို့ကိုတွေ့သူရှိရင် နားဘောင်ကိုပြန်ခေါ်ပေးကြပါလို့ အသိပေးချင်တယ်”ဟု အုပ်ထိန်းသူ မဲဟဲကျောင်း ဆရာတော် ဥူးနရိန္ဒက ခမ်းသားငေါဝ်းကို မိန့်သည်။

လက်ရှိပြန်သွားသည့် ကိုရင်သုံးပါးမှာ အသက် ၁၅ အရွယ်ရှိ ရှင်ဝိန္ဒက၊ အသက် ၁၃ အရွယ် ရှင်ဉာဏောဘာသနှင့် ရှင်ဣန္ဒာစရိယတို့ဖြစ်ပြီး နိုင်ငံအခြေအနေမတည်ငြိမ်သည့်အတွက် ခြိမ်းခြောက်ပြီးဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း ဆရာတော်ကမိန့်သည်။

ယင်းသုံးပါးတို့မှာ ဆီဆိုင်မြို့နယ် ထီဟန်းခြွီရွာဇာတိတစ်ပါး ဆီဆိုင်ဘုရားဖြူရပ်ကွက် ၅ တစ်ပါးနှင့် ဆီဆိုင်မြို့နယ် နောင်ဗို(နောင်ထောဝ်)ဘက်တစ်ပါးဖြစ်ပြီး တစ်ပါးတစ်နေရာဆီဖြစ်ကြောင်း သိရသည်။

တွေ့ရှိသူရှိပါက အုပ်ထိန်းသူ မဲဟဲကျောင်းဆရာတော်၏ဖုန်းနံပါတ်ဖြစ်သည့် 09 259333790 ကိုဆက်သွယ်ပြီး ပြန်လာပို့ပေးစေလိုကြောင်း ဆရာတော်က အသိပေးထားသည်။

#PPV004
#လူပျောက်ကြော်ညာ
#တောင်ကြီးမြို့နယ်
#ကိုရင်သုံးပါး
#ဆီဆိုင်
#မဲဟဲကျောင်း

Leave a Reply

Your email address will not be published. Required fields are marked *