ခမ်းသားငေါဝ်း
မတ်လ ၁၀၊ ၂၀၂၄

ပင်လောင်းတောင်ဘက်ကျေးရွာတွင် စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး PDF တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားနှင့်စစ်ဘေးရှောင်များ ဘေးကင်းရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် နမ်းဖာမူ၊ ဗန်းမောက်၊ကုန်းပေါ၊ကားရား ကျေးရွာတို့တွင် ယနေ့ မနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အကုန်လုံးနီးပါးထွက်ပြေးကုန်ပြီ။ တစ်ချို့ကျ အနီးနား တောထဲဘဲ ရှောင်ကြတယ်။ တိုက်ပွဲက ရုတ်တရက်ဖြစ်တာ ခုဆို လမ်းတွေလည်း PNOနဲ့ ဗမာစစ်တပ်တွေက ပိတ်ကုန်ပြီ”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

လက်ရှိ ကားရားရွာအနီး နောင်ဝိုးဘုန်းကြီးကျောင်း တွင်PNOပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများစွာ နေရာယူ တပ်စွဲနေကြောင်း ဒေသခံများကပြောသည်။

ဒေသခံအများစုသည် တိုက်ပွဲမဖြစ်ပွားသည့် ပင်လောင်း၊ နောင်တရား၊ ညောင်ရွှေတို့တွင် ထွက်ပြေး ကြကြောင်း သိရသည်။

နမ်းဖာမူ၊ကုန်ပေါး၊ဗန်းမောက်ရွာ တို့တွင် ကရင်နီစစ်ရှောင် ၃ ထောင်ကျော် လာရောက်ခိုလှုံသည့်ကျေးရွာလည်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်တွင် စစ်ကောင်စီနှင့် PNO အင်အားများစွာ ဗန်းမောက်ဘုန်းကြီးကျောင် ၊စာသင်ကျောင်းတွင် လာရောက်တပ်စွဲခဲ့သည့်အပြင် တောဖက်လည်း အင်အားများစွာဖြင့် ဖြန်းကျဲစစ်ကြောင်းထိုးနေကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *