ခမ်းသားငေါဝ်း
မတ် ၁၀၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြစ်အတွင်း၌ ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ ရှိခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် နမ္မတူမြို့ သတလ ၅ ရပ်ကွက်အနီးရှိ နမ္မတူမြစ်တွင် ရေနှစ်သေဆုံးနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို TNLAရဲတပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းတို့က သယ်ဆောင်ထုတ်ပေးခဲ့ကြောင်းသိရသည်။

“ရေနစ်သေနေတာက ဘယ်သူဘယ်ဝါမှန်းမသိဘူး၊ TNLAရဲ့တပ်ဖွဲ့တို့ ကိုယ်တိုင်သွားကြည့်တယ် အဲ့မြစ်က ခနခနဖြစ်လေ့ရှိတယ် အရင်ကလည်းဖြစ်တယ် ဘယ်သူဘယ်ဝါမှန်းမသိ မြစ်ထဲမျော်လာတာမျိုးလည်းဖြစ်ဖူးတယ်”ဟုဒေသခံအမျိုးသမီးတစ်ကခမ်းသားငေါဝ်းကိုပြောသည်။

မည်သူမည်ဝါမသိ ခန့်မှန်း အသက် ၃၅ အရွယ်ရှိရေနစ်သေနေသည့် ၎င်းရုပ်အလောင်းကို မေတ္တာရှင် လူမှုကူညီရေးအသင်းမှဆယ်ထုတ် သယ်ဆောင်ပေးခဲ့ကြောင်းသိရသည်။

၎င်းနမ္မတူမြစ်သည် ယခင်နှစ်၂၀၂၃ ခုနှစ် ယခုလိုနွေရာသီအချိန်တွင် ရေနစ်သေဆုံးခဲ့ဖူးသူ ဖြစ်ပွားခဲ့ဖူးသည်။

နမ္မတူမြစ်သည် နှစ်စဥ်နီးပါး ရေနှစ်သေဆုံးခဲ့သူရှိသည့်အတွက် ယခုလိုနွေရာသီကာလ၌ပျော်ပါးစားသောက်ရင်း အပျော်အပါးလွန်ပြီး ရေဆော့မကစားသင့်ကြောင်းပြောဆိုသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *