ခမ်းသားငေါဝ်း
မတ် ၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်အနီး စစ်ကောင်စီစစ်ရေးလှုပ်ရှားမှုရှိသဖြင့် ညအချိန်စက်လှေသွားလာခြင်းနှင့် ငါးဖမ်းခြင်းမပြုလုပ်ရန် တော်လှန်ရေးအဖွဲ့သုံးဖွဲ့ပေါင်းပြီးထုတ်ပြန်လာသည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ အမှတ် (၁၀၀၂) တပ်ရင်း၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ အမှတ် (၁၀၀၆) ၊ ရှမ်းတောင်ဗျူဟာ ၂ တပ်ရင်းတို့မှ ပြည်သူလူထုများ အန္တရယ်ကင်းရှင်းရေးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း မတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင်ဆိုသည်။

ပိတ်ပင်သည့်နေရာသည် ဘီလူးချောင်းအတွင်း မိုးဦးကျေးရွာမှ နန်းတုတ်အောက်ဘက်၊ ဖယ်ခုံအင်း၊ မိုးဗြဲအင်း ရေကြောင်းအားလုံး ဖြစ်သည်။

အသိပေးအကြောင်းစာနှင့်ပတ်သက်ပြီး နောက်ထပ်တစ်စုံတရာထုတ်ပြန်ခြင်းမရှိသည့် အချိန်ထိ အကျူံးဝင်ကြောင်း ထုတ်ပြန်ချက်တွင် မှတ်ချက်အနေနှင့် အသိပေးထားသည်။

#PPV001

Leave a Reply

Your email address will not be published. Required fields are marked *