ခမ်းသားငေါဝ်း
မတ် ၈၊ ၂၀၂၄

ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့် လူငယ်များအတွက် ပညာဆက်လက်ဆည်းပူးနိုင်ရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဖွင့်လှစ်သည့် အွန်လိုင်းကျောင်းကို ယနေမနက်ပိုင်းက ကျောင်း ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ကျောင်းတာဝန်ရှိသူထံသိရသည်။

PNFC၏ အွန်လိုင်းကျောင်းဖွင့်လှစ်ရသည်မှာ ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့် လူငယ်များအတွက် ပညာဆက်လက်ဆည်းပူးနိုင်ရန်ဖွင့်လှစ်ထားခဲ့သော်လည်း နိုင်ငံရေးအခြေအနေအရ အခက်ခဲရှိခဲ့ကြောင်းဆိုသည်။

“လက်ရှိသင်ကြားတဲ့အခြေအနေအရဆိုရင်တော့ ကျောင်းသူကျောင်းသားနဲ့ဆရာဆရာမတွေက အရင်ကထက်အခက်ခဲပိုရှိတာပေါ့ ဘာလို့လဲဆိုတော့ နိုင်ငံရေးအခြေနေတွေက အရင်ကထက်ဆိုးရွာတယ် အင်တာနက်ကလည်း အရင်ကထက်ဆိုးရွားလာတယ်”ဟု PNFC Online school ဘဏ္ဍာရေးမှုး ခွန်ဝင်းက ခမ်းသားငေါဝ်းကို ပြောသည်။

ကျောင်းတက်နေသည့် ကျောင်းသား/သူအချို့သည် လုံခြုံရေးအခြေအနေကြောင့် ကျောင်းပျက်ကွက်ရသူအချို့လည်းရှိနေသည့်အတွက် ယခင်ထက်ဦးရေနည်းပါးသွားကြောင်း သူက ဆက်ပြောသည်။

ယင်း PNFC အွန်လိုင်းကျောင်းတက်သည့်လူငယ်များသည် အခမဲ့သင်ကြားပေးသလို နည်းပညာပိုင်းဆိုင်ကျွမ်းကျင်မှုနှင့် ကျောင်းပိတ်သည့်ကာလတွင်လည်း နိုင်ငံတကာပညာရှင်မှDebateသင်တန်းများ Summer English course နှင့် ပန်းချီသင်တန်းများလည်း ပို့ချပေးကြောင်း သိရသည်။

PNFC Online school သင်ယူပြီးမြောက်လျှင် NUG MOE ၏ အဆင့်မြင့်ကျောင်းများတွင် ပညာရပ်များဆက်လက်သင်ကြားခွင့်များစွာရှိသလိို နိုင်ငံတကာ ၏ တိုင်းရင်းသားပညာရေးအဖွဲ့အစည်းတွင်လည်း Fully Scholarship အနေဖြင့် ထိုင်း ဗီယက်နမ်နှင့်မလေးရှားနိုင်ငံတို့တွင် လျှောက်ထားခွင့်ရှိကြောင်း ပြောဆိုထားသည်။

PNFCကျောင်းသည်၂၀၂၃-၂၀၂၄ ခုပညာနှစ်တွင် Grade-10ထိတာပါခဲ့သော်လည်း လာမည့်နှစ်သည် အခြေခံမှ စပြီး Grade-12ထိ ပါဝင်သင်ကြားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်နှစ်အတွက် ဒီထက်ပိုကောင်းသည့် အစီအစဥ်သစ်များနှင့် ပြင်ဆင်ထားပြီး မေလတွင်ဖွင့်လှစ်ရန်လုပ်ဆောင်နေကြောင်း၊ ကျောင်းတက်နေသည့်ကလေးများလည်းစာတော်ကြပြီးကြိုးစားနေသည့်အတွက် နိုင်ငံတကာ ကျောင်းတက်ခွင့်ရနိုင်ရန်ဖြစ်စေချင်ကြောင်း ကျောင်းတာဝန်ရှိသူကပြောသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *