ခမ်းသားငေါဝ်း
မတ် ၈ ၊ ၂၀၂၄

တောမီးမှ တစ်ဆင့် မီးလောင်မှုကြောင့် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ နေအိမ်၂၇လုံးမီးထဲပါသွား ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ကယား(ကရင်နီ)ပြည် ၊လွိုင်ကော်မြို့နယ် ၊ပါလောင်းကျေးရွာတွင် မတ်လ ၃ ရက်နေ့က တောမီးလောင်ရာမှ လူနေအိမ်သို့ မီးကူးပြီးရွာသား နေအိမ်၂၇ လုံးမီးထဲပါသွားခဲ့သည်။

“ရွာသားအများစုက စစ်ရှောင်ကြတာ။ အိမ်တွေမီးလောင်တော့ရွာမှာ ကျန်တဲ့သူတွေက ငြိမ်သက်ပြီးနိုင်သွားတာ မဟုတ်ရင် အိမ်တွေအကုန်လုံးနီးပါ ပါသွားနိုင်တယ်။” ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မီးလောင်သွားသည့် ရွာသား ရဲ့အိမ်၂၉ လုံးတွင် သိုလှောင်ထားသည့် စပါးများ၊ အိမ်မှာ ကျန်တဲ့ပစ္စည်းများ မီးထဲအကုန်ပါသွားကြောင်း ၎င်းကဆက်ပြောသည်။

ပါလောင်းကျေးရွာသည် နေအိမ် ၉၂ လုံးရှိပြီး ဒေသခံအများစုကလည်း စစ်ကောင်စီ လက်နက်ကြီးမကြာခနပစ်ခတ်လေ့ရှိခြင်းကြောင့် စစ်ရှောင်စခန်းတွင်သာ နေထိုင်နေကြသည်ဟု သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *