ခမ်းသားငေါဝ်း
မတ် ၈၊ ၂၀၂၄

ဟိုပုံးမြို့နယ် ကျောက္ကဆျား ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခြင်းကြောင့် ရွာခံတစ်ဦးသေဆုံးပြီး နေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေး တပ်မတော် PNLA ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာကို ယနေ့ မနက်ပိုင်း ၁၁ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် ဗုံးလာကြဲခဲ့ကြောင်း သိရသည်။

ဗုဲးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် ဦးခွန်ထွန်း သေဆုံးသွားကြောင်း PNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ တိုက်ခိုက်သော ကျောက္ကဆျားကျေးရွာသည် တိုက်ပွဲဖြစ်ပွားခြင်းမ ရှိသလို PNLAတပ်ဖွဲ့လည်း တပ်စွဲထားရာ နေရာ မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားပါသည် ။

ကျောက္ကဆျားကျေးရွာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် လည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးပြီး သုံးဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

PPV005
#ဟိုပုံးမြို့နယ်
#ကျောက်ကဆျားကျေးရွာ
#လေယာဉ်နှင့်ဗုံးကြဲ
#မဲနယ်တောင်ဒေသ
#Humanright

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *