ခမ်းသားငေါဝ်း
မတ် ၇၊ ၂၀၂၄

ဗန်းမောက်ရွာတွင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ လာရောက်တပ်စွဲသဖြင့် ဒေသခံနှင့် စစ်ဘေးရှောင်လာသူများ ရွာထဲ မနေရဲပဲ ထွက်ပြေးနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊ ဗန်းမောက်ကျေးရွာတွင် ယမန်နေ့နှင့် ယနေ့ တွင်စစ်ကောင်စီအင်အား များစွာနှင့် လာရောက်တပ်စွဲ ခြင်းကြောင့် ရွာသားများ ရွာထဲမနေရဲပဲ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။

“စာသင်ကျောင်းမှာရော ၊ဘုန်ကြီးကျောင်းရော ၊ရွာထဲရော လူအင်အားအရမ်းများတယ်။ပြီးရင်ရွာ တောင်ဖက်မှာ PDF လည်းရှိနေတော့ ရွာသားတွေကြောက်လို့ ထွက်ပြေးကြတာပါ။ ရွာမှာ လူနည်းနည်းဘဲကျန်တယ်”ဟု ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဗန်းမောက်ကျေးရွာသည် အိမ်ခြေ ၂၀၀ နီးပါးရှိပြီးကရင်နီ စစ်ရှောင် ၁၆၀၀ ကျော် လည်း ခိုလှုံနေသည့် ရွာလည်းဖြစ်သည်။

ယခုတွင် ရွာသူရွာသားနှင့် စစ်ရှောင်များ ဘေကင်းရာ ဆောင်းပြောင်း၊ နန်းဖာမူ ပင်လောင်းမြို့ပေါ်တို့တွင်တိမ်းရှောင်ကြကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *