ခမ်းသားငေါဝ်း
မတ် ၇၊ ၂၀၂၄

ဟိုပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင် ဟိုပုံးဘက်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းနှင့် ဖြည့်တင်းနေကြောင်း မျက်မြင်တွေ့သူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့မှ ဟိုပုံးဖက်သို့ ယနေ့နေ့လည်ပိုင်းတွင် စစ်သားအပြည့်ပါကား ၂၂ စီးနှင့် ရိက္ခာတင်ကား ၆ စီး၊ကားအလွှတ် ၆ စီးဖြင့်စစ်ကောင်စီက အင်အားဖြည့်တင်းနေသည်။

“ခုနက ၁ နာရီအချိန်တောင်ကြီးဖက်ကနေဟိုပုံးဖက်ဦးတည်ထွက်ခွာသွားတယ်။ တိုက်ပွဲ ပြင်းထန်မလား မသိဘူး။ တစ်ချို့ကားက မိုးကာနဲ့အုတ်သွားတယ်”ဟု မျက်မြင်တွေ့ရသူက ခမ်းသားငေါဝ်းကိုပြောသည်။

ဟိုပုံး-မိုင်းပွန်အကြားတွင်စစ်ကောင်စီနှင့် PNLA ၊ မဟာမိတ်တော်လှန်ရေးတပ်များအကြားနေ့းစဥ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက် အင်အားတိုးချဲ့ဖြည့်တင်းနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်ကစပြီး မိုင်းပွန်အနောက်ခြမ်း ဟိုပုံးအရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။

PPV005
#ဟိုပုံး
#တောင်ကြီး
#အင်အားဖြည့်
#ဟိုပုံး-မိုင်းပွန်လမ်း

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *