ခမ်းသားငေါဝ်း
မတ် ၈၊ ၂၀၂၄

ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတု အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်နေကြောင်း ပအိုဝ်း အမျိုးသား လွှတ်မြှောက်ရေးတပ်မတော်PNLAက ယနေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခြင်းကြောင့် PNLA မှ ရဲဘော်များ အရေပြားယားယံခြင်း ၊မူးဝေ့ခြင်း၊ အသက်ရှူမြန်ဆန်ခြင်း ၊မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှုမြန်ဆန်ခြင်း၊ မေားပန်းခြင်းနှင့် အောက်စီဂျင် ကျခြင်းတို့ ခံစားခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဆိပ်ဗုံးနဲ့ကြဲတာက ၆ ရက်နေ့ဖြစ်ပါတယ်။ အကုန်လုံးက အသက်ရှုကြပ်၊ မူးဝေတာ၊ စိတ်အတက်အကျမြန်တာ၊ မေားပန်းတာခံစားရတာတွေတူနေတယ်”ဟု PNLAပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲင်းယံက ခမ်းသားငေါဝ်းကို ပြောသည်။

ယင်းအဆိပ်ငွေ့ရှူမိသော PNLAတပ်ဖွဲ့များ ၊ပြည်သူများကို ယခုတွင် ဆေးကုသနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားပါသည်။

ယမန်နေ့တွင်လည်း ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီး ၊ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် အရပ်သားနေအိမ် ၆ လုံးထက်မနည်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုအပြင် မဲနယ်တောင် ဒေသတွင် စစ်ကောင်စီက ပအိုဝ်းအမျိုးသားဝတ်စုံကို ဝတ်ဆင်ပြီး အင်အားများ ဖြည့်တင်းခဲ့ပြီး ဒေသခံများ ကားကိုလည်း ချောဆွဲခဲ့ကြောင်း ခွန်ရုဲင်းယံက ဆက်ပြောသည်။

ယင်းသို့သော တိုက်ပွဲ အခြေအနေများကြောင့် ပအိုဝ်းဒေသခံမိဘပြည်သူများအနေဖြင့် သတင်းနားစွင့်ပြီးမှ သွားလာကြရန် သတိဝိရီယထားပြီးသွားလာကြရန်လည်း ခွန်ရုဲင်းယံက ထပ်မံသတိပေးတိုက်တွန်းထားပါသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *