ခမ်းသားငေါဝ်း
မတ် ၇၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းတောင်ဖက်ကျေးရွာတချို့ရှိ လူငယ်များအား PNO ပြည်သူ့စစ်က တခြားကျေးရွာရှိဂိတ်တွင် စောင့်ခိုင်းနေကြောင်း ဒေသခံကခမ်းသားငေါဝ်း သို့ပြောသည်။

မိမိတို့ကျေးရွာမဟုတ်သည့် တင်းထက်ဘက်ရှိဂိတ်တွင် နေ့စဉ် နှစ်ယောက်တစ်ဖွဲ့အနေဖြင့် အလှည့်ကျ ကင်းသွားစောင့်ခိုင်းနေပြီး လူငယ်အများစုက မသွားချင်ကြသော်လည်းအမိန့်အရ သွားနေရသည်ဟုဆိုသည်။

“ခုလောလောဆယ်အလုပ်များတာကတစ်ဖက် ခုရွာမှာ စောင့်ခိုင်းတာတစ်မျိုး ခုကထပ်လာပြန်တော့ စိတ်ဆင်းရဲတယ် မသွားချင်လည်းသွားနေရတယ် ရှမ်းတောင်မှာ စစ်ပွဲဖြစ်နေတော့ စောင့်​နေတဲ့ချိန်တစ်ခုခုဖြစ်မှာလည်း စိုးရိမ်နေရတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းဒေသမှာ PNO မှ ပြည်သူ့စစ်သင်တန်းများပေးခြင်းလည်းရှိနေသလို လူငယ်လူရွယ်များကို လိုက်လံစုဆောင်းခေါ်ယူနေခြင်းများလည်း ရှိနေသည်။

ယင်းပြည်သူ့စစ်မှုမထမ်းလိုသည့် လူငယ်များမှာ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူလည်း များနေကြောင်း သိရသည်။

#PPV008