ခမ်းသားငေါဝ်း
မတ် ၆၊ ၂၀၂၄

ရွာငံ -မန္တလေး လမ်း မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး အရှိန် မထိန်းနိုင်ပဲ တိမ်မှောက်ပြီး ၆ ဦး သေဆုံးပြီး ၁ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ မြို့ကြီးရွာအနီး ညောင်ပင်ထောက်ကွေ့တွင် မတ်လ ၅ ရက် နေ့လည်ခင်း ၂ နာရီအချိန်တွင် ကားတစ်စီး တိမ်မှောက်သွားခဲ့ကြောင်း သိရသည်။

“၆ ဦးပွဲချင်းသေသွားတယ်။ ၁ ဦးတော့ဒဏ်ရာအပြင်းထန်ရတယ်။ခုထိလည်း သတိမရသေးပါဘူး။ အကွေ့အရမ်းကြီး တော့ အရှိန်မထိန်းနိုင်ပဲ တိမ်မှောက်သွားတာလို့ ပြောတယ်”လို့ နီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

သေဆုံးသူ ၆ ဦးသည် အောင်ပန်းမြို့ဇာတိ ၁ ဦးနှင့် ဟိုပုံးမြို့ ဇာတိ ၅ ဦးတို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများအား ကယ်ဆယ်ရေးအဖွဲ့က ကျောက်ဆည်ဆေးရုံသို့ပို့ခဲ့ပြီး သေဆုံးသူအလောင်းများကို မြို့ကြီးရွာ ရင်ခွဲရုံသို့ပို့ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်လည်း ရွာငံ-အောင်ပန်း ကာလမ်းပေါ်တွင် ကုန်တင်ကားတစ်စီး လမ်းဘေးချောက် တွင်းသို့ ထိုးကျပြီး ယာဉ်မောင်းသူ ဒဏ်ရာရရှိခဲ့ပါသေးကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *