ခမ်းသားငေါဝ်း
မတ် ၇ ၊ ၂၀၂၄

တောင်ကြီးမြို့ တောင်ဖက် ၄ မိုင် စစ်ဆေးရေးဂိတ်တွင် ကားတစ်စီး တိမ်းမှောက်သဖြင့် လူ ၃ ဦးသေဆုံးသွားခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ၄ မိုင် စစ်ဆေးရေးဂိတ်အနီးမတ်လ ၆ ရက် ညနေပိုင်းတွင် ဝက်တင်လာသည့် ယာဉ်တစ်စီး တိမ်မှောက်ခဲ့ခြင်းဖြစ်သည်။

“တောင်နီကနေ ၄ မိုင်မှာရှိတဲ့ ဝက်သတ်ခြံမှာ ဝက်ကို တင်သွားတာ အဲတာ ဝက်သတ်ခြံမရောက်ခင်ပဲ ကားက မှောက်သွားတာ။ ဒဏ်ရာရသူတော့ကယ်ဆယ်ရေးအဖွဲ့က စဝ်းစံထွန်းဆေးရုံမှာ ပို့ပေးခဲ့တယ်” ဟု မျက်မြင်ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

ယင်းဝက်တင်ယာဉ်သည် ဘရိတ်ပေါက်ပြီး လမ်းဘေးမြှောင်ထဲ ထိုးကျပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး လူအပြင် ဝက်တစ်ချို့လည်းသေသွားသည်ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့တွင်လည်း ရွာငံ- မန္တလေးလမ်း မြို့ကြီးရွာအနီးတွင် ကားတစ်စီးအရှိန်မထိန်းနိုင်ပဲ တိမ်မှောက်ခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

#PPV005
#တောင်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *