ခမ်းသားငေါဝ်း
မတ် ၅၊ ၂၀၂၄

ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် ဖေဖော်ဝါရီ(၄)ရက်နေ့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ (၅)ရက်နေ့က PNLA ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် PNLA ကခုခံတိုက်ခိုက်ရာ ဆီဆိုင်မြို့မြောက်ဘက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများစွာရရှိခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲနှင့်မသက်ဆိုင်သည့် ဆီဆိုင်မြို့သို့ လက်နက် ကြီးဖြင့် အကြိမ်(၄၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုထားသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့တွင်း နေအိမ်အချို့ထိခိုက်ပျက်စီးသွားခဲ့ရသည်။

စစ်ကောင်စီသည် မဲနယ်တောင်ဒေသတွင်လည်း ဟိုပုံးမြို့ဘက်မှနေပြီး လက်နက်ကြီးဖြင့် အကြိမ် (၂၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

လက်နက်ကြီးများ လေယာဉ်များကို စစ်ကောင်စီမှအလွန်အကျွံအသုံးပြုကာ ပအိုဝ်းဒေသများအား ပစ်ခတ်ဖျက်ဆီးတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု PNLAကထုတ်ပြန်ပြောဆိုထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *