ခမ်းသားငေါဝ်း
မတ် ၆၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးဥပဒေ(Martial law)ကို ကြေညာလိုက်ခြင်းသည် အပစ်ရပ်ဆဲရေးဖြစ်သည့် ဟိုင်ဂင်သဘောတူညီချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲဖြစ်စေသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ဟိုင်ဂင်သဘောတူညီချက်အား အကောင်အထည်ဖော် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တွေ့ဆုံပွဲများတစ်ခုပြီးတစ်ခုကျင်းပခဲ့သည်မှာ ယခုတွင် စတုတ္ထအကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ (၂၉)ရက်မှ မတ်လ (၁)ရက်နေ့အထိ နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) တို့သည် ဟိုင်ဂင်သဘောတူညီချက်ကို နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအနေဖြင့် ၂၀၂၄ခုနှစ် ဇန်နဝါရီ(၁၁) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

မြောက်ပိုင်းညီနောင် မဟာမိတ်များ အပြည့်အဝ ထိန်းချုပ်ထားပြီးဖြစ်သည့် မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ခြင်းသည် ဒေသအတွင်းပြည်သူများအား ခြိမ်းခြောက်သည့် လုပ်ရက်ဖြစ်သည်ဟုလည်း မဟာမိတ်၃ဖွဲ့၏ သဘောထားကိုထုတ်ပြန်ထားပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *