ခမ်းသားငေါဝ်း
မတ်လ ၇၊ ၂၀၂၄

စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်တို့ ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ဆင်ပြီး လက်နက်အပြည့်ဖြင့် ပြည်သူ့ကားများချောဆွဲကာ ယနေ့မနက် ဟိုပုံးမှလွယ်ဝိုးတုတ်ဘက်ကိုစစ်ကြောင်းထိုးနေကြောင်း သတင်းရင်းမြစ်ထံ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်က ပအိုဝ်းအမျိုးသားဝတ်စုံဖြင့် တိုက်ပွဲဖြစ်ပွားနေသည့်ဟိုပုံးအရှေ့ဘက် လွယ်ပိုးတုတ်ဘက်သို့ စစ်ကြောင်းထိုးရှေ့တန်းတက် နေကြောင်းသိရသည်။

” စစ်တပ်က ပအိုဝ်းဝတ်စုံဝတ်ပြီး ပြည်သူကားနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကိုပို့ခိုင်းနေတယ်၊ အရှေ့လွယ်ပိုးတုတ်ဘက်ကိုသွားနေတယ်”ဟု သတင်းရင်းမြစ် ကပြောသည်။

စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ လူမျိုးရေး ပြဿနာဖြစ်ပွားရန် ပအိုဝ်းလူမျိုး၏ အမျိုးသားဝတ်စုံဖြင့်ရှေ့တန်းတက် တိုက်ပွဲဝင်ရန်စီစဥ်ခြင်းဖြစ်သည်။

“သူတိုကသေနတ်ပါလည်း တော်လှန်ရေးတပ်က လူထုကိုသတ်ပြီး သေနတ်ကိုအလောင်းပေါ်တင်တာ အဲ့လိုလိမ်ဖို့အကွက်လုပ်နေတာ”ဟု တော်လှန်ရေးတိုက်ပွဲဝင်သူတစ်ဦးကပြောသည်။

ဟိုပုံးအရှေ့ဘက် ပိုင်းပွန်အနောက်ခြမ်းတွင် ဖေဖော်ဝါရီလ ၂၁ ရက်ကစပြီး နေ့စဥ်နဲ့အမျှတိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေယာဥ်နှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ့အိုးအိမ်နျင့် ဘာသာရေးအဆောက်အအုံများထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *