ခမ်းသားငေါဝ်း
မတ် ၇၊ ၂၀၂၄

ခရမ်းချဉ်သီးများစျေးကျနေသည့်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသတွင်စိုက်ပျိုးတောင်သူများ အရှုံးပေါ်နေသည်ဟု မတ်လ(၇)ရက်နေ့တွင် သိရသည်။

ခရမ်းချဉ်သီးစျေးသည် ယခင်နှစ်ထက်စျေးကျနေပြီး ပြည်တွင်းစစ်ကြောင့် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်း ပိတ်သည့်အတွက် တင်ပို့ရောင်းချရန်အခက်အခဲဖြစ်နေကြောင်းသိရ သည်။

“လုပ်အားခ၊ အပင်ကို ပြုစုရတဲ့ခ၊ တင်ပို့တဲ့ခနဲ့ဆိုရင် လုံးဝမကိုက်ဘူး မကိုက်တော့ မခူးကြတော့ဘူး တော်တော်များကပစ်ထားလိုက်ကြတယ် ”ဟု ခရမ်းချဉ်သီးစိုက် ပျိုးတောင် သူတစ်ဦးကပြောသည်။

အရင်နှစ်က ခရမ်းချဉ်သီးက တစ်ပိဿာ ၂ ထောင်ကနေ သုံးထောင်အထိရနေပြီး ယခုနှစ်တွင် ဖောက်သည်စျေးအနေဖြင့် တပိဿာ ၃၀၀၊ ၄၀၀၊ ၅၀၀နှင့် အများဆုံး ၆၀၀ အထိသာရရှိကြောင်း ၎င်းကဆက်ပြောသည်။

ပင်လောင်းဒေသရှိ တချို့ကျေးရွာများတွင် ခရမ်းချဉ်သီးကိုသာ အဓိကစိုက်ပျိုးပြီး ယခုလိုစျေးကျနေသည့် အတွက်ကြောင့်စားဝတ်နေရေးတွင် အခက်အခဲရှိနေသည်ဟုလည်း သိရသည်။

ခရမ်းချဉ်သီးသည်ပြည်တွင်း အဓိကပို့ကုန်ဖြစ်သော်လည်း နေရာအနှံ့တိုက်ပွဲဖြစ်ပွားနေသောကြောင့် ပို့ဆောင်ရန် ဆက်သွယ်ရေးလမ်းကြောင်းများပိတ်ဆို့နေပြီး မြန်မာနိုင်ငံရှိ ခရမ်းချဉ်သီးစိုက်ပျိုးသည့်တောင်သူများ အရှုံးပေါ်နေကြရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *