ခမ်းသားငေါဝ်း
မတ်လ ၄၊ ၂၀၂၄

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းဆည်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နမ္မတူနှင့် နမ့်ဆန် မြို့တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြောင်း ယနေ့ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီက မြို့နယ် ၃ မြို့နယ်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းရေးကိုပိုမိုဆောင်ရွက်နိုင်ရန်အကြောင်းပြပြီး စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်သည်ဟုပြောဆိုထားသည်။

စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်အရ အဆိုပါ မြို့နယ် ၃ မြို့နယ်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးသည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ လက်ထဲသို့ ရောက်ရှိလာမည်ဖြစ်ပြီး စစ်တပ်သည် ထိုဒေသတွင် ၎င်းတို့အပြစ်ပေးလိုသူများကို စစ်ခုံရုံးဖြင့် စစ်ဆေးထောင်ချခြင်းတို့ကိုလည်း ပြုလုပ်ခွင့်ရှိလာမည်ဖြစ်သည်။

#martiallaw
#ppv002

Leave a Reply

Your email address will not be published. Required fields are marked *