ခမ်းသားငေါဝ်း
မတ် ၄၊၂၀၂၄

လွိုင်လင်မြို့အတွင်းမှာ စစ်ကောင်စီနှင့်လက်အောက်ခံပျူစောထီးများစစ်ဆေးမှုတင်းကြပ်လာပြီးလုံခြုံရေးနှင့် ပေါ်တာဖမ်းမည်ကိုစိတ်ပူနေရကြောင်းဒေသခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အတွင်းတွင် စစ်ကောင်စီလက်အောက်ခံများက အရပ်ဝတ်ဖြင့် သွားလာသူကို စစ်ဆေးနေသလို ညဘက်တွင်လည်း မြို့တွင်းမှာ လှုပ်ရှားသွားလာခြင်းရှိနေကြောင်းဆိုသည်။

“ပျူစောထီးအဖွဲ့တွေရောက်နေတယ် လွိုင်လင်ရေကန်နားအရပ်ဝတ်နဲ့ စစ်ဆေးတာရှိတယ် စစ်ကောင်စီတပ်သားလည်းရှိတော့ ညဖက်တွေမှာပေါတာဆွဲဖမ်းတာမျိုးစိုးရိမ်ရတာပေါ့”ဟုအမည်မဖော်လိုသောသတင်းရင်းမြှစ်က ခမ်းသားငေါဝ်းကိုပြောသည်။

မိုင်းပွန်မြို့အနီးနားပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားပြီးနောက် လွိုင်လင် ပင်လုံဒေသဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများကစိုးရိမ်နေကြရကြောင်းသိရသည်။

ထို့အပြင် လွိုင်လင်မြို့အရှေ့ဘက်ရှိ နမ့်စန်မြို့နှင့်မြို့နယ်များအတွင်းတွင်လည်း ပြည်သူ့စစ်မှုထမ်းဆောင်နိုင်ရန် စစ်ကောင်စီမှ အစည်းအဝေးများပြုလုပ်ခဲ့သလို အိမ်ထောင်စုစာရင်းတို့ကိုလည်း လိုက်လံကောက်ယူမှုရှိနေကြောင်းလည်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရင်က ဟိုပုံးမြို့အရှေ့ဘက် မိုင်းပွန်အနီးတဝိုက်တွင် စစ်ကောင်စီ နှင့် PNLA တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

#PPV004
#လွိုင်လင်
#ပျူစောထီး
#social
#ပြည်သူလုံခြုံရေး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *